ကျားများ ထိန်းသိမ်းရေး ကြိုးပမ်းဖို့ မြန်မာနဲ့ အခြား ၁၂ နိုင်ငံ သဘောတူ
2016.04.15

သစ်တောပြုန်းတီးမှုတွေနဲ့ မြို့ပြချဲ့ထွင်မှုတွေကြောင့် ကျားကောင်ရေ အရှိန်အဟုန်နဲ့ ကျဆင်းလာတဲ့အတွက် ကျားရိုင်းတွေမှီတင်းနေထိုင်တဲ့ နိုင်ငံတွေအနေနဲ့ ကျားထိန်းသိမ်းရေးလုပ်ငန်းကို ပူးပေါင်းဆောင်ရွက်ကြဖို့ သဘောတူလိုက်ကြတယ်လို့ သဘာဝဝန်းကျင် ချစ်မြတ်နိုးသူတွေက ပြောပါတယ်။
ကျားတွေရှိတဲ့ မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံ ၁၃ နိုင်ငံက ကိုယ်စားလှယ်တွေဟာ ဒီသီတင်းပတ်ထဲမှာ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာ တွေ့ဆုံစည်းဝေးခဲ့ကြပြီး ပင်ကိုယ်အားဖြင့်ကို တန်ဖိုးရှိလှတဲ့ ကျားတွေမှီတင်း နေထိုင်ရာ သစ်တောတွေထိန်းသိမ်းရေးအတွက် စုပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြတာပါ။
ကမ္ဘာ့နိုင်ငံများစွာမှာ လူဦးရေထူထပ်လာတာကြောင့် ကျားတွေ နေထိုင်နိုင်တဲ့ သစ်တောဧရိယာတွေ နည်းပါးသွားခဲ့ပါတယ်။ ၂ဝ၁ဝ ခုနှစ်မှာ တစ်ကမ္ဘာလုံးမှာ ကျားကောင်ရေ အနည်းဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ကောင်ရေ ၃၂ဝဝ သာရှိခဲ့ပါတယ်။ ၂ဝ၂၂ ခုနှစ်မှာ ကျား ကောင်ရေ ၆၄ဝဝ အထိ တိုးတက်လာဖို့ ကြိုးစားသွားကြမယ်လို့ ညီလာခံမှာ ဆုံးဖြတ်ကြပါတယ်။