၂၀၁၅ ရွေးကောက်ပွဲ ၆၃ မြို့နယ်မှာ ကျားဖြူ ပြိုင်မည်


2015.02.15
sndp-conference-305.jpg ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူ ပါတီရဲ့ ညီလာခံကို ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရှမ်းပြည် နယ်တောင်ပိုင်း တောင်ကြီးမြို့မှာကျင်းပစဉ်။
Photo: Khun Yarzar/RFA

လာမယ့်၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ရှမ်းတိုင်းရင်း သားများဒီမိုကရက်တစ်ပါတီ SNDP ကျားဖြူပါတီက ရှမ်းပြည်နယ် နဲ့ တခြားဒေသတွေက မြို့နယ်ပေါင်း ၆၃ မြို့နယ် မှာ ကိုယ်စားလှယ် ပေါင်း ၂၀၀ ဝန်းကျင် ကိုယ် စားပြုပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ကြောင်း ကျားဖြူပါတီ က ကြေညာပါတယ်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့မှာ ကျင်းပနေတဲ့ ကျားဖြူပါတီညီလာခံမှာ ပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဝင်ရောက်ယှဉ်ပြိုင်မယ့်မြို့နယ်အရေအတွက် နဲ့ ကိုယ်စား လှယ်အရေအတွက်ကို ပြောပါတယ်။

"လာမယ့် ၂၀၁၅ နိုဝင်ဘာ အထွေထွေရွေးကောက်ပွဲမှာ ကျားဖြူပါတီအနေနဲ့ မြို့နယ်ပေါင်း ၆၃ မြို့နယ်ဝင်ပြိုင်ပါမယ်၊ ဒါပေ မဲ့ နောက်ပိုင်းကျရင် ၇၀ ဖြစ်ရင် ဖြစ်သွားမယ်၊ အခု လွှတ်တော်ကိုယ်စားလှယ်လောင်း ၂၀၀ ကျော် ယှဉ်ပြိုင်မယ်၊ လာမယ့် အထွေထွေရွေးကောက်ပွဲ မှာလဲ ကျားဖြူပါတီက ရှမ်းပြည်နယ်မှာ အများစု အနိုင်ရမယ်လို့ လုံးဝယုံကြည်တယ်၊ ယုံကြည်ပြီးတော့ ကျားဖြူပါတီနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ကျန်တဲ့တိုင်းရင်းသား ညီနောင်တွေနဲ့စုပေါင်းပြီးတော့ ရှမ်းပြည်နယ်အစိုးရဖွဲ့စည်းနိုင်အောင် ကြိုးပမ်းမယ် "

ကျားဖြူပါတီဟာ ရှမ်းပြည်နယ်တင်မကပဲ ကချင်၊ စစ်ကိုင်း ၊ မန္တလေးနဲ့ ကယား ပြည်နယ်အတွင်းက မြို့နယ် တစ်ချို့တွေမှာလည်း ဝင်ရောက်ယှဉ်ပြိုင် မှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ ကျားဖြူပါတီရဲ့ အဓိကယှဉ်ပြိုင်ဖက်ဟာ ကျားခေါင်းခေါ် ရှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဖြစ်ပြီး ဥက္ကဌ ဦးခွန်ထွန်းဦးက ဦးဆောင် နေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။