ဒုက္ခသည်စခန်းတွေမှာ လူငယ်တွေကို သွေးထိုးပေးနေကြောင်း သာယဉ်ဝန်ကြီး ပြောဆို


2018.12.05
muslim-refugees-protest-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံက Unchiprang စခန်းမှာ ဒုက္ခသည်တွေ ၂၀၁၈ နိုဝင်ဘာလ ၁၅ က ဆန္ဒပြစဉ်
Photo:Dibyangshu SARKAR / AFP

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်စလင်ဒုက္ခသည်တွေဟာ ဗုဒ္ဓဘာသာအများစုရှိတဲ့ မြန်မာနိုင်ငံကို အဆက်မပြတ် အလုံးအရင်းနဲ့ ဝင်ရောက်ဖို့ သွေးဆောင်ခံထားရသူတွေဖြစ်တယ်လို့ သာသာနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို က ပြောဆိုကြောင်း ရိုက်တာသတင်းက ဖေါ်ပြပါတယ်။

ဒါ့ပြင် ဘင်္ဂလားဒေ့ရှ်အနေနဲ့လည်း ဘင်္ဂါလီတွေကို ပြန်ခွင့်ပြုမှာမဟုတ်ကြောင်း၊ ပြန်လွှတ်လိုက်ရင် လူဦးရေ ကျဆင်းသွားမှာဖြစ်ကြောင်း၊ ဒုက္ခသည်စခန်းတွေမှာလည်း ဘင်္ဂလီလူငယ်တွေကို မြန်မာပြည်ကို အလုံးအရင်းနဲ့ ဝင်ရောက်နိုင်ဖို့ သွေးဆောင် လှုံ့ဆော်နေကြောင်း ပြောဆိုခဲ့တာကို NewsWatch သတင်း ဝက်ဆိုဒ်က တင်ထားတဲ့ ဗီဒီယိုမှာ တွေ့ရတယ်လို့လည်း ဖေါ်ပြပါတယ်။

မကြာခင်က မြိုင်ကြီးငူဆရာတော်ရဲ့ ဈာပန အခမ်းအနားကို တက်ရောက်လာတဲ့ ဆရာတော် သံဃာတော်တွေကို ဝန်ကြီး သူရ ဦးအောင်ကို လျှောက်ထားခဲ့ရာမှာလည်း အစွန်းရောက် ဘာသာကြီးတစ်ခုက ဇနီး ၃ / ၄ ယောက်ယူပြီး သားသမီး ၂၀ လောက် မွေးနေတယ်ဆိုပြီး ပြောဆိုခဲ့တဲ့ စကားအသုံးအနှုန်းကြောင့် အစ္စလာမ် ဘာသာရေး အဖွဲ့အစည်းတွေက ကန့်ကွက်လိုက်ကြပြီး ဥပဒေအရ အရေးယူပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

မန္တလေးမြို့ မြဝတီဆရာတော် အရှင် အရီယ ဝံသ ကလည်း ဝန်ကြီးပြောဆိုခဲ့တဲ့အစွန်းရောက်ဆိုတာ ဗုဒ္ဓဘာသာ အစွန်းရောက်တွေကိုလည်း ဆိုချင်ပုံရကြောင်း၊ ဒါပေမဲ့ ဝန်ကြီးတဦးအနေနဲ့ နိုင်ငံတွင်းက လူ့အသိုင်းအဝိုင်းတွေကြား နားလည်မှုလွဲစေနိုင်တဲ့ စကားလုံးအသုံးအနှုန်းတွေကို သတိဉာဏ်ပညာနဲ့ ရှောင်ရှားဖို့လိုကြောင်း မိန်ကြားပါတယ်။

ယဉ်ကျေးမှုဝန်ကြီး သူရ ဦးအောင်ကို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနက ပြန်လည်ဖြေရှင်းရာမှာ အစွန်းရောက် ဘာသာတရားတစ်ခုလို့ သုံးနှုန်းတာဟာ ရည်ရွယ်ချက်ရှိရှိ သုံးနှုန်းတာ မဟုတ်ဘဲ ဘာသာအသီးသီးရဲ့ ဘာသာရေးအယူအဆ ပြင်းထန်သူတွေကိုသာ ညွှန်းဆိုသုံးနှုန်းခဲ့တာလို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။