ဗိုလ်ချုပ်မှူးကြီးအကြောင်း စာအုပ်ရေးသူ မြန်မာပြည်မှ နှင်ထုတ်ခံရ
2011.03.24
အမေရိကန်ပြည်ထောင်စု အခြေစိုက် မိုးမခ မီဒီယာကတော့ Mr. Ben Rogers ဟာ သာမန်ဧည့်ဗီဇာနဲ့ မြန်မာနိုင်ငံကို ရောက်သွားခဲ့ပြီး၊ ၅ ရက်အကြာမှာမှ အာဏာပိုင်တွေက သိရှိသွားတာလို့ ဖော်ပြ ထားပါတယ်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (သို့မဟုတ်) အာဏာရှင်တဦးရဲ့ မျက်နှာဖုံးကို ခွာကြည့်ခြင်း ဆိုတဲ့ အမည်နဲ့ Mr.Rogers ရေးသားခဲ့တဲ့ စာအုပ်ပါ အကြောင်းအရာတွေကို RFA ပြင်ပဆောင်းပါးရှင် ဦးအောင်သူငြိမ်းက အပတ်စဉ် တင်ပြခဲ့ပြီး ဖြစ်ပါတယ်။