ဒေါ်အောင်ဆန်းစုကြည် အတ္ထုပ္ပတ္တိ စတင်ရိုက်ကူး

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဖြတ်သန်းမှုတွေကို အခြေခံတဲ့ အတ္ထုပ္ပတ္တိ မှတ်တမ်းရုပ်ရှင်ကို ဒီနေ့မှာပဲ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက စတင်ရိုက်ကူးတယ်လု့ိ သိရှိရပါတယ်။

2012.07.21
assk-resident-archive-b305 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်တွင် ရိုက်ကးထားသော မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။
(Archive Photo)

တကယ်တော့ ဒီဇာတ်ကားကို ရိုက်ကူးဖို့ လွန်ခဲ့တဲ့ တနှစ်ကျော်လောက် ကတည်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခွင့်ပြုချက်ကို ရယူထားခဲ့ကြောင်း ကိုမင်းထင်ကိုကိုကြီးက ပြောပါတယ်။

ကြည့်ရှုချိန် (၁) နာရီခွဲစာလောက် ကြာမြင့်မယ့် အဲဒီ မှတ်တမ်းရုပ်ရှင်ကို အခန်း (၉) ခန်းခွဲပြီး (၁) နှစ်ခွဲကြာ ရိုက်ကူးမယ်လို့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောပါတယ်။

ဒီမှတ်တမ်းရုပ်ရှင်နဲ့  ပတ်သက်ပြီး ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို RFA ကိုဉာဏ်ဝင်းအောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်ပါ။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။