၈ လေးလုံး ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး တောင်းဆို

မြန်မာနိုင်ငံမှာ လွန်ခဲ့တဲ့ ၂၃ နှစ် က ၈ လေးလုံး လူထုလှုပ်ရှားမှု မှာ လူပေါင်း ၃ ထောင်နီးပါး သေဆုံးခဲ့တဲ့ ဖြစ်ရပ် အပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့လူသားတွေ အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ ၈ လေးလုံး နှစ်ပတ်လည်နေ့မှာ CSW Christian Solidarity Worldwide အဖွဲ့က ဥရောပသမဂ္ဂကို တောင်းဆို လိုက်ပါတယ်။

2011.08.08
88_file_massacre_305_z.jpg မြန်မာတပြည်လုံး အုံကြွခဲ့သော ရှစ်လေးလုံး လူထု လှုပ်ရှားမှုကာလ ၁၉၈၈ခုနှစ် ဩဂုတ်လ ၁၃ ရက်နေ့က ဆန္ဒပြပွဲများတွင် သတ်ဖြတ်ခံခဲ့ရသူများ၏ ဓာတ်ပုံဖြင့် မန္တ္တလေးမြို့တွင် ဆန္ဒပြနေသူများ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီကိစ္စနဲ့ပတ်သက်ပြီး CSW အဖွဲ့ရဲ့ အကြီးအကဲ Ben Rogers က - CSW အဖွဲ့အနေနဲ့မြန်မာနိုင်ငံမှာ လူသားတွေအပေါ် ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့စစ်ရာဇဝတ်မှုတွေကို စုံစမ်းပေးဖို့ တောင်းဆိုခဲ့တာ နှစ်ပေါင်း အတော်ကြာခဲ့ပါပြီ။ အခု ၈ လေးလုံး ၂၃ နှစ်မြောက် နေ့မှာလည်း ဒီကိစ္စ အကောင်အထည် ဖေါ်ဖို့ ထပ်ပြီး တောင်းဆိုပါတယ်။

ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Mr. Tomas Ojea Quintana က စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့ အကြိမ်ကြိမ် ထောက်ခံခဲ့သလို ပြောဆိုခဲ့ပြီး နိုင်ငံတကာ စောင့်ကြည့် လေ့လာသူတွေ၊ နိုဘယ်ဆုရှင်တွေ၊ အမေရိကန်၊ ယူကေနဲ့ နိုင်ငံပေါင်း ၁၆ နိုင်ငံကျော် ၊ ဒေါ်အောင်ဆန်စုကြည် အပါအဝင် အားလုံးကလည်း တောင်းဆိုခဲ့ပါတယ် ။ ဒီပြစ်မှုကျူးလွန်တာတွေအပေါ် နိုင်ငံတကာ စုံစမ်းရေးကော်မရှင်က လွတ်လပ်စွာ စုံစမ်းစစ်ဆေးခွင့်ရဖို့အချိန်ရောက်နေပါပြီ။

ဒါဟာ တရားမျှတမှု ရဖို့နဲ့အမျိုးသား ပြန်လည်စည်းလုံးမှု ရဖို့ သိပ်ကို အရေးကြီးတဲ့ လိုအပ်ချက်ဖြစ်လို့ ၂၃ နှစ်မြောက် ၈ လေးလုံး နှစ်ပါတ်လည်နေ့မှာ နိုင်ငံတကာအနေနဲ့မြန်မာနိုင်ငံ အရေးကို အလေးထား ဆွေးနွေးကြဖို့တိုက်တွန်းလိုက်ပါတယ် လို့ပြောသွားပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂဝင် ၁၂ နိုင်ငံ အပါအဝင် စုစုပေါင်း နိုင်ငံ ၁၆ နိုင်ငံက စုံစမ်းရေး ကော်မရှင်ဖွဲ့ရေး ထောက်ခံကြ ပါတယ်။

ဒီအတောအတွင်းမှာပဲ စုံစမ်းရေး ကော်မရှင်ဖွဲ့ဖို့တောင်းဆိုတဲ့လှုပ်ရှားမှုကို လန်ဒန်မြို့က ဂျာမဏီ သံရုံးရှေ့မှာ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ မြန်မာ့အရေးစိတ်ပါဝင်စားတဲ့တခြားနိုင်ငံသားတွေ စုပေါင်းပြီး ဆန္ဒပြခဲ့ကြ ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။