ထိုင်းဝန်ကြီးချုပ် ယင်လပ် ထားဝယ်ရေနက်ဆိပ်ကမ်း သွားရောက်

ထိုင်းဝန်ကြီးချုပ် ယင်လပ် ရှင်နာဝပ်ဟာ ဒီကနေ့ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို သွားရောက်ကြည့်ရှု မှာဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်း က ဖေါ်ပြပါတယ်။ ထိုင်းဝန်ကြီးချုပ် ယင်လပ်နဲ့အတူ ထိုင်းစီးပွားရေးလုပ်ငန်းရှင် ၄ဝ လည်း လိုက်ပါလာမယ် လို့သိရပါတယ်။

2012.12.17
yingluck_305 ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို လာရောက်ကြည့်ရှုတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ထရာကို သမ္မတဦးသိန်းစိန်နဲ့အတူ တွေ့ရစဉ်
Photo : Yingluck Shinawatra's facebook

၂ဝဝ၈ ခုနှစ် မြန်မာနဲ့ ထိုင်း နှစ်နိုင်ငံ ပူးတွဲပြီး ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးစီမံကိန်း နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခဲ့ကြပြီးတဲ့နောက်  ထိုင်းဝန်ကြီးချုပ်အနေနဲ့ ပထမဆုံးအကြိမ် ထားဝယ်ရေနက်စီမံကိန်းနေရာကို သွားရောက်ကြည့်ရှုတာဖြစ်ပါတယ်။

သောကြာနေ့က ကျင်းပခဲ့တဲ့ဆွေးေနွေးပွဲမှာ ထားဝယ်စီမံကိန်းအတွက် နှစ်နိုင်ငံခွဲဝေဆောင်ရွက်ကြမယ့် အဆင့်တွေကို အတည်ပြုခဲ့ကြကြောင်း ထိုင်းသယ်ယူပို့ဆောင်ရေး ဝန်ကြီးက ပြောပါတယ်။

အခြေခံတည်ဆောက်ရေးလုပ်ငန်းတွေဖြစ်တဲ့ အဆင့် သုည ကို ၂ဝ၁၄ ခုနှစ်မှာ ပြီးစီးဖို့၊ ဆိပ်ခံတွေ၊ လမ်းတွေ၊ ရေကြောင်းစနစ်နဲ့ သယ်ယူပို့ဆောင်ရေးစနစ်တွေဖြစ်တဲ့ အဆင့်တစ်ကို ၂ဝ၁၅ မှာပြီးစီးဖို့၊ ကျန်တဲ့စက်မှုလုပ်ငန်းပိုင်တွေနဲ့ ရင်းနှီးမြှပ်နှံမှုအပိုင်းတွေကို ၂ဝ၂ဝ ပြည့်နှစ်မှာ ပြီးစီးဖို့ မျှော်မှန်းထားတယ်လို့လည်း ပြောဆိုပါတယ်။

ဒါ့ပြင် ဘတ်ငွေ ဘီလျံ ၃ဝ ကုန်ကျမယ့် ထားဝယ်နဲ့ထိုင်းနိုင်ငံကို ဆယ်သွယ်မယ့် လျှပ်စစ်ရထားလမ်း စီမံကိန်းလည်းပါဝင်ပါတယ်။ ထားဝယ်ရေနက်စီမံကိန်းဟာ ထိုင်းနိုင်ငံက Eastern Seaboard စီမံကိန်းထက် ၁ဝ ဆ ကြီးမားတယ်လို့သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။