တိုက်ပွဲကြောင့် ဘုရားသုံးဆူ ဒေသခံတစ်ရာကျော် ထိုင်းနိုင်ငံဘက်ထွက်ပြေး

RFA Burmese
2024.05.10
တိုက်ပွဲကြောင့် ဘုရားသုံးဆူ ဒေသခံတစ်ရာကျော် ထိုင်းနိုင်ငံဘက်ထွက်ပြေး မြဝတီမြို့ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၂၀ ရက်နေ့က တွေ့ရစဥ်။
RFA

ထိုင်း-မြန်မာနယ်စပ်အနီး ဘုရားသုံးဆူမြို့ဘက်မှာ မေလ ၁၀ ရက်နေ့က တိုက်ပွဲတွေနဲ့ ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီး အရပ်သားတစ်ရာကျော် ထိုင်းနိုင်ငံဘက် ထွက်ပြေးလာခဲ့ကြတယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖော်ပြပါတယ်။

ကရင်ပြည်နယ်တောင်ဘက်ပိုင်း ဘုရားသုံးမြို့မှာ မေလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက အမည်မသိအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ ဗုံးတွေအသုံးပြုခဲ့ကြကြောင်း ထိုင်းနယ်စပ်မှာနေထိုင်သူတစ်ဦးက ပြောခဲ့သလို၊ ဘုရားသုံးဆူမြို့က စစ်ကောင်စီတပ် အမှတ် ၂၈၄ မှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ဒေသခံသတင်းရင်းမြစ်က ပြော‌ကြားတယ်လို့ ဆိုပါတယ်။

တိုက်ပွဲကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ဘုရားသုံးဆူမြို့ခံ တစ်ရာကျော် ထိုင်းနိုင်ငံမှာ ခိုလှုံဖို့ နယ်စပ်ဖြတ်ကျော်ပြီး ဆန်ခလဘူရီခရိုင်ထဲ ရောက်လာခဲ့တယ်လို့ သတင်းမှာဖော်ပြပါတယ်။

အခြေအနေတွေကို စောင့်ကြည့်ဖို့နဲ့ ထွက်ပြေးလာသူတွေကို ဘေးလွတ်ရာကို ပို့ဆောင်ပေးဖို့ ဆန်ခလဘူရီရဲတပ်ဖွဲ့မှူး နဲ့ ၁၃၄ နယ်ခြားကင်းလှည့်တပ်ဖွဲ့မှူးတို့ ဦးဆောင်ပြီး ရဲ၊ စစ်တပ်နဲ့ ဒေသဆိုင်ရာတာဝန်ရှိသူတွေက ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။