ခရစ်ယာန်တရားဟောဆရာကို တရားစွဲမှု တရားရုံး လက်ခံ


2019.01.04
parmaukha-622.jpg မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကိုင်းတရားရုံးကို လာရောက်ခဲ့စဉ်
.

စစ်ကိုင်းမြို့ မင်းကွန်းတောင်ရိုး ဓမ္မစေတီအောင်မြေဘုံကျော် ကျောင်းတိုက်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၈ ရက်နေ့က ခရစ်ယာန်တရားဟောဆရာ ဦးအောင်ထွန်းဦးက ဘာသာရေးဟောပြောခဲ့တာကို အရေးယူဖို့ ပုဒ်မ ၂၉၅ (က)နဲ့ တရားစွဲထားတာကို စစ်ကိုင်းတရားရုံးက လက်ခံလိုက်ပါတယ်။

မကွေးကျောင်းတိုက် ဆရာတော် ဦးပါမောက္ခက ခရစ်ယာန်တရားဟော ဆရာတော် ဦးအောင်ထွန်းဦးကို အရေးယူပေးဖို့ စစ်ကိုင်းတရားရုံးမှာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)နဲ့ တရားစွဲထားတာကို တရားရုံးက မနေ့က လက်ခံလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စကို စစ်ဆေးဖို့အတွက် လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ အမှုလာရောက်ရင်ဆိုင်ဖို့ ခရစ်ယာန် ဓမ္မဆရာတော် ဦးအောင်ထွန်းဦးကို ဆင့်ခေါ်စာပေးပို့ထားတယ်လို့ သိရပါတယ်။

ဆရာတော် ဦးအောင်ထွန်းဦးကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိကြောင်း ပြောပါတယ်။

သူဟာ ဓမ္မစေတီအောင်မြေဘုံကျော် ကျောင်းတိုက်အတွင်းက သာမဏေတွေ၊ သီလရှင်တွေနဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို လက်အုပ်ချီစေပြီး ခရစ်ယာန်ဘာသာရေးအရ ဆုတောင်းဟောပြောတာတွေ ပြုလုပ်ခဲ့တဲ့ ဗွီဒီယိုဖိုင် လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့ခဲ့ပြီးနောက်မှာ ဝေဖန်မှုတွေများခဲ့ပြီး တရားစွဲတဲ့အထိ ဖြစ်လာတာဖြစ် ပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မခေမဏီဝင်း ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။