သမဂ္ဂဖွဲ့စည်းရာမှာပါဝင်တဲ့ တက္ကသိုလ်ဆရာဆရာမတွေကို နယ်ပြောင်းရွေ့နေ


2014.09.13

ကျောင်းဆရာ၊ဆရာမတွေရဲ့ အခွင့်အရေး၊ ပညာရေးအဆင့်မြှင့်တင်ရေးအတွက် အသင်းအဖွဲ့တွေ၊ သမဂ္ဂတွေ ဦးဆောင်ဖွဲ့စည်းလှုပ်ရှားရာမှာ ပါဝင်တဲ့ ရန်ကုန်တက္ကသိုလ်က ဆရာ၊ဆရာမတွေကို အစိုးရအာဏာပိုင်တွေက နယ်ဝေးတက္ကသိုလ်ကောလိပ်တွေကို ပြောင်းရွှေ့နေတယ်လို့ သိရပါတယ်။

ရန်ကုန်တက္ကသိုလ်အပါအဝင် ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တက္ကသိုလ်တွေကနေ စစ်တွေ၊ မုံရွာ၊ ဗန်းမော်၊ ပုသိမ် စတဲ့ နယ်ဝေးတက္ကသိုလ်တွေဆီ ပြောင်းရွှေ့ခံရတဲ့ ဆရာ၊ ဆရာမအယောက် ၂၀ လောက်ရှိ သွားပြီလို့ မုံရွာတက္ကသိုလ် ဆရာများသမဂ္ဂက ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက ပြောပါတယ်။

"တော်တော်ဝေးဝေးကိုရွေ့တာ စစ်တွေရောက်တယ်၊ နောက်ဆုံး မုံရွာရောက်တယ် ၊အဲ့လိုပေါ့ တော်တော်ဝေးဝေးရောက်ကြပါတယ်၊ ကျနော်ဆိုရင် အခုမုံရွာတက္ကသိုလ်လို ဟာမျိုးပေါ့၊ ရှေ့ကဦးဆောင်တဲ့လူတွေ တော်တော်များများကို အဲ့ဒီလို နယ်ပြောင်းရွေ့တယ်"

ရန်ကုန်တက္ကသိုလ် ဆရာ၊ဆရာမများအသင်း ပေါ်ပေါက်ရေးအတွက် ဦးဆောင်ကြိုးပမ်းရာမှာပါဝင်ခဲ့ပြီးနောက် မုံရွာတက္ကသိုလ်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်း ပြောပြသွားတာပါ။

သမဂ္ဂမှာ ပါဝင်လှုပ်ရှားတဲ့ ဆရာ၊ ဆရာမတွေဟာ နိုင်ငံခြားပညာတော်သင်အခွင့်အလန်း ဆုံးရှုံးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရှင်းလင်းပြတ်သားတဲ့ မူဝါဒလုပ်ထုံးလုပ်နည်းတွေမရှိဘဲ အခုလိုနယ်ဝေးတွေကို ပြောင်းရွှေ့နေတဲ့ကိစ္စနဲ့ ပတ်သက်လို့ အထက်အာဏာပိုင်တွေထံ မေးမြန်းတင်ပြပေမယ့်လည်း တိတိကျကျ အကြောင်းပြန်ကြားမှု မရှိဘူးလို့ အပြောင်းရွှေ့ခံရတဲ့ ဆရာ၊ ဆရာမတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ရန်ကုန်တက္ကသိုလ် ဆရာ၊ဆရာမများအသင်း ပေါ်ပေါက်ရေးအတွက် ဦးဆောင်ကြိုးပမ်း ရာမှာပါဝင်ခဲ့ပြီးနောက် မုံရွာတက္ကသိုလ်ကို ပြောင်းရွှေ့ခံလိုက်ရတဲ့ ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။