OIC ရုံးဖွင့်လှစ်မှု တောင်ကုတ်မှာ ဆန္ဒပြ
2012.10.19
ဒီဆန္ဒပြပွဲကို တောင်ကုတ်မြို့နယ် ရခိုင်လူငယ်ကွန်ယက်က ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြပွဲနဲ့ ပတ်သက်ပြီး အဓိက ဦးဆောင်သူ တစ်ဦးဖြစ်သူ ဦးစောဝင်းက RFA ကို အခုလို ပြောဆိုပါတယ်။
"OIC အလိုမရှိပေါ့ဗျာ။ ဘင်္ဂလားဒေ့ချ် နိုင်ငံမှာ သာသနိက အဆောက်အဦးတွေကို ဖျက်ဆီးတာ ရှုံ့ချတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ဆောင်ရွက်ပေးမယ့် နိုင်ငံတော် သမ္မတကြီးကို ထောက်ခံတယ်ပေါ့။"
ဒီဆန္ဒပြပွဲမှာ အာဏာပိုင်တွေဘက်က တရားဝင်ခွင့်ပြုထားတဲ့ လူဦးရေ ၂၀၀ အပြင်၊ မြို့ခံလူထု ထောင် နဲ့ ချီပြီး လိုက်ပါဆန္ဒပြခဲ့ကြတယ်လို့လည်းသိရပါတယ်။