ကုလ လူ့အခွင့်ရေးနေ့ အခမ်းအနား ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပေးပို့
2010.12.11

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂ ရုံးချုပ်မှာ ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အတွက် ပေးပို့တဲ့ ဗီဒီယိုမိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာဖြစ်ပြီး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရဖို့ ကြိုးပမ်းနေကြသူတွေဟာ ပစ်မှတ်ထား ခွဲခြားဖိနှိပ်တာတွေ မကြာခဏ ခံကြရတယ်လို့လည်း ပြောပါတယ်။
တချိန်ထဲမှာ ကမ္ဘာတလွှားမှာ လူ့အခွင့်အရေး အခြေအနေ ပိုဆိုးဝါးလာပြီး မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အထူးသဖြင့် ပိုပြီး ဆိုးဝါးလာနေတယ်လို့ ဗြိတိန်အခြေစိုက် Maple Croft အဖွဲ့ရဲ့ ၂၀၁၁ လူ့အခွင့်အရေးအန္တရာယ် အများဆုံး နိုင်ငံများ ညွှန်းကိန်းမှာ ဖော်ပြထားပါတယ်။
နိုင်ငံပေါင်း ၉၂ နိုင်ငံကို လေ့လာပြုစုထားတဲ့ ဒီညွန်းကိန်း အစီရင်ခံစာကို မနေ့က ကျရောက်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးနေ့နဲ့ တိုက်ဆိုင်ပြီး ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ဒီအထဲမှာ မြန်မာနိုင်ငံဟာ ပဉ္စမမြောက် အဆိုးဆုံးနိုင်ငံဖြစ်ပြီး ကျန်အဆိုးဆုံး ၄ နိုင်ငံကတော့ ကွန်ဂို၊ ဆိုမားလီယား၊ ပါကစ္စတန်နဲ့ ဆူဒန်နိုင်ငံတို့ ဖြစ်ပါတယ်။
မနေ့က အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာပဲ မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်တန့့်ဖို့အတွက် ဗြိတိန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေက လန်ဒန်မြို့ တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြပါတယ်။
ဒီအကြောင်း လန်ဒန်အခြေစိုက် RFA သတင်းထောက် မအေးနှင်းညိုက သတင်းပေးပို့ထားပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |