ရန်ကုန်ကို ကျောင်းသားသပိတ် မနက်ဖြန် ခရီးဆက်မည်


2015.03.01
mdy-students-march.jpg ဒီမိုကရေစီပညာရေး ကျောင်းသားသပိတ်စစ်ကြောင်း ရန်ကုန်မြို့ကို ချီတက်လာစဉ်
Photo: Hset Paing Toe/RFA

လက်ပံတန်းမြို့မှာ ရပ်နားထားတဲ့ ကျောင်းသားသပိတ် ဟာ မနက်ဖြန် ရန်ကုန်ကိုခရီးဆက်ထွက်မယ်လို့ ဆုံးဖြတ် လိုက်ပါတယ်။

ရန်ကုန်ကို ဆက်လက်မချီတက်ဖို့ လက်ပံတန်းမြို့က ဆရာတော်တွေက လာရောက်တားမြစ်တာတွေ ရှိတယ်လို့ သပိတ်စစ်ကြောင်းကကျောင်းသား ကိုမင်းမင်းဇော် ကပြောပါတယ်။

"ကျနော်တို့က ဆက်ထွက်ဖို့အစီအစဉ်ရှိပါတယ်ဗျ၊ အချိန်ကတော့ ထုံးစံတိုင်းပေါ့၊ ခါတိုင်းမြို့တွေမှာ ထွက်ခဲ့တဲ့ အတိုင်းပဲ ၉ နာရီနဲ့ ၁၀ နာရီဝန်းကျင် ကြား ကျနော်တို့ ထွက်ပါမယ်ဗျ၊ မနက်ဖြန်ထွက် ဖို့တော့ ကျနော်တို့ အစည်းအဝေးလုပ် တဲ့ ခေါင်းဆောင် ရဲဘော်တွေက ဆုံးဖြတ်ချက် ချထားတာ ရှိတယ်၊ လောလောဆယ်လက်ပံတန်းနဲ့ သာယာဝတီက ဆရာတော်ကြီးတွေက ၁၀ တန်း စာမေးပွဲနဲ့ သံဃာတော်တွေ ရဲ့စာမေးပွဲဖြေတဲ့ရက်တွေရှိတဲ့အတွက် ဆိုင်းငံ့ထားဖို့ အခုလက်ရှိလောလော ဆယ် လာပြောနေပါတယ်ဗျ၊ ဆရာတော်တွေကို ကျနော်တို့ဘက်က ဘာကြောင့်ထွက်ခဲ့ရတယ်ဆိုတာ ကို လျှောက်ထားပြီးတော့ ဆက်ထွက်ဖို့ကိစ္စကို စီစဉ်ပါမယ်ဗျ "

မန္တလေးမြို့ကနေ စတင်ထွက်ခွါလာတဲ့ ပညာရေးဥပဒေကို ဆန့်ကျင်တဲ့ ကျောင်းသားသပိတ်ဟာ လက်ပံတန်း မြို့မှာ ရပ်နားထားတာ ၁၀ ရက်ရှိပြီဖြစ်ပါတယ်။

ရပ်နားထားတဲ့ ကာလအတွင်း လွှတ်တော်မှာ ဥပဒေပြင်ဆင်ရေးအတွက် ဆွေးနွေးတာတွေ မရှိတာကြောင့် ဆက်လက် ထွက်ခွါဖို့ စီစဉ်ရတာလို့ ကျောင်း သားတွေက ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနက ကျောင်းသားတွေရန်ကုန်ကို ချီတက်လာမယ်ဆိုရင် ဥပဒေအရ အရေးယူမယ်လို့ မနေ့ က ကြေညာချက်ထပ်မံ ထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။