မြန်မာ့စီးပွားရေး အလားအလာ အပေါ် ပညာရှင်တွေ သုံးသပ်

မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ အပြင် ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတာကြောင့် နိုင်ငံတကာ ကုမ္ပဏီတွေက ရင်းနှီးမြှပ်နှံ လိုကြပေမယ့် ငွေကြေး လဲလှယ်မှုနှုန်းထား မတည်ငြိမ်သေးတာနဲ့ ဘဏ်စနစ် မခိုင်မာသေးတာကြောင့် မြန်မာ့ စီးပွားရေးဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖို့ အလားအလာ မရှိသေးဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

2012.02.19
stiglitz-davos-b305 အမေရိကန်နိုင်ငံ ကိုလံဘီယာတက္ကသိုလ် စီးပွားရေး နိုဘယ်ဆုရှင် Jospeh Stiglitz ။
The World Economic Forum

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံတကာ စီးပွားရေး ပညာရှင်တွေနဲ့ မြန်မာစီးပွားရေး ပညာရှင်တွေ ဆွေးနွေးပွဲမှာ သုံးသပ်ရာမှာ မြန်မာနိုင်ငံ ပိုမို ပွင့်လင်းလာတာနဲ့ အတူ မြန်မာ့စီးပွားရေးဟာ ရှေ့ဆက်ပြီး ပိုလမ်းစ ဖွင့်ပေးသလို ဖြစ်လာလိမ့်မယ်လို့ သဘောတူကြပါတယ်။

မြန်မာနိုင်ငံဟာ တရုတ်နဲ့ အိန္ဒိယ နိုင်ငံကြီး နှစ်နိုင်ငံအကြားမှာ ရှိနေတာရယ်၊ ပွင့်လင်းလာပြီ ဆိုတာနဲ့ နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ တိုးလာဖို့ ရှိတာကြောင့် အားသာချက်တွေ အများကြီး ရှိပါတယ်လို့ နေပြည်တော် စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ တက်ရောက်တဲ့ အမေရိကန်နိုင်ငံ ကိုလံဘီယာ တက္ကသိုလ်က စီးပွားရေး နိုဘယ်ဆုရှင် Jospeh Stiglitz က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ရေနံ နဲ့ သဘာဝဓာတ်ငွေ့ စီမံကိန်း စီးပွားရေး လုပ်ငန်းတွေအပြင် ကမ္ဘာလှည့် ခရီးသွားလာရေး လုပ်ငန်း အောင်မြင်လာဖို့ အလားအလာ ရှိတယ်လို့လည်း သုံးသပ်ကြပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံကြီးတွေက သူတို့ ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေ ရုပ်သိမ်းဖို့ စတင် ပြောဆိုနေကြပြီ ဖြစ်တာကြောင့်လည်း နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုတွေ ဝင်လာမယ့် အလားအလာ ရှိနေတယ်လို့လည်း သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-04-04 15:50

hello,,,,everybody Burmese people's .come we fighting together for Democracy...and fighting back to army group's...army must go back in jungle..not in the city...

Anonymous
2012-02-25 01:49

I want demokaracy