နိုင်ငံတော်သံဃမဟာနာယက ဥက္ကဋ္ဌနဲ့ သံဃာ ၂၀ ကို တရားစွဲဆိုမှု ပယ်ချခံရ


2014.07.16
thandithukha-305 အင်္ဂလန် ဆရာတော် ဦးဥတ္တရ ပုံကိုတွေ့ရစဉ်
Photo: RFA

မဟာသန္တိသုခကျောင်းတိုက်က သံဃာတွေကို မတရား ချုပ်နှောင်ထားမှု၊ တားဆီးကန့်ကွက်မှုတွေအတွက် နိုင် ငံတော် သံဃာ့မဟာနာယကဥက္ကဋ္ဌ အပါအဝင် သံဃာ အပါး ၂ဝ ကို တရားစွဲဆိုဖို့ ဆရာတော် ဦးဥတ္တရ က ဗဟန်းမြို့နယ်တရားရုံးမှာ ဒီကနေ့ တင်သွင်းတာကို မြို့နယ်တရားသူကြီးက ပယ်ချလိုက်တယ်လို့ သိရပါတယ်။

တရားစွဲဖို့ တင်သွင်းခဲ့တဲ့ အင်္ဂလန် ဆရာတော် ဦးဥတ္တရ က အခုလို မိန့်ကြားပါတယ်။

"သူတို့တရားစွဲတယ် ဒီနေ့ ဘုန်းကြီးတို့ကို တားဆီး ကန့်ကွက်မှှုရယ်၊ ဘုန်းကြီးကို မတရားချုပ်နှောင် ထားမှှုရယ် အဲ့နှစ်ချက်အနေနဲ့ ဘုန်းကြီး တရားစွဲတာ ဗဟန်းတရားရုံးမှာ တရားသွားစွဲတယ် နိုင်ငံတော် သံဃာ့မဟာနာယကဥက္ကဋ္ဌ အပါအဝင်ပေါ့ တတိယအဖွဲ့ခွဲရဲ့ ၁၅ ပါး အပါအဝင် တိုင်းသံဃာ့နာယကဥက္ကဋ္ဌရယ် နောက်တိုင်းသံဃာ့နာယက ဒုဥက္ကဋ္ဌရယ်  အကျိုးတော်ဆောင်ရယ်ပေါ့ အားလုံးအပါးနှစ်ဆယ် ဘုန်းကြီးတို့ အဲ့ဒါသွားပြီးတရားစွဲတဲ့အခါမှာ တရားရုံးက တရားသူကြီးကနေပြီးတော့ ဒါဥပဒေအရ လက်မခံတာမဟုတ်ပါဘူးတဲ့ ဥပဒေအရ မဟုတ်ပေမဲ့ စီမံခန့်ခွဲမှှု အရပေါ့လေ ဒါကိုလက်မခံပါဘူးဆိုတာ ဒါကိုပြန်ပေးတယ်"

ဗဟန်းမြို့နယ်တရားရုံးက ပယ်ချလိုက်တဲ့အတွက် ရှေ့နေတွေနဲ့တိုင်ပင်ပြီး ထပ်မံတရားစွဲဆို သွားမယ်လို့လည်း ဆရာတော် ဦးဥတ္တရက မိန့်ပါတယ်။

မဟာသန္တိသုခကျောင်းတိုက်ကိစ္စနဲ့ပတ်သက်ပြီး ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးကို သာသနာညိုုးနွမ်းစေမှု နဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က တာမွေမြို့နယ်တရားရုံးမှာ တရားစွဲဆိုထားတာဖြစ်ပါတယ်။

ဆရာတော် ဦးဥတ္တရနဲ့ သံဃာ ၄ ပါးရဲ့ ၃ ကြိမ်မြောက်ရုံးချိန်းကို တာမွေမြို့နယ်တရားရုံးမှာ လာမယ့် ဇူလိုင်လ ၁၈ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးသွားမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။