SNLD ပါတီ ကြားဖြတ်ရွေးကောက်ပွဲမှာ ၄ နေရာ ဝင်ရောက်ယှဉ်ပြိုင်မည်


2014.03.25
u-khun-tun-oo-b305 ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ခေါင်းဆောင် ဦးခွန်ထွန်းဦး
RFA

ဒီနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီက ရှမ်းပြည်နယ်အတွင်း လစ်လပ်မဲဆန္ဒနယ် နေရာ ၄ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ပါတီဝင်တွေက သဘောထားပေးကြောင်း SNLD ပါတီ ပြောရေးဆိုခွင့် ရှိသူက ပြောပါတယ်။

ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုခန်းမမှာ SNLD ပါတီရဲ့ နှစ်ပတ်လည် ညီလာခံ ဒုတိယမြောက်နေ့အဖြစ် ကျင်းပရာမှာ တက်ရောက်လာကြတဲ့ ပါတီဝင်တွေက ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ သဘောထားပေးခဲ့ကြတာလို့ SNLD ပါတီရဲ့ ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

“၂ဝ၁၅ ဝင်ပြီဆိုရင်တော့ ကြားဖြတ်ကိုလည်း စဉ်းစားတဲ့အထဲမှာပါပါလိမ့်မယ်၊ မနက်ဖြန်မှာ ဆုံးဖြတ်ချက်ကျမှာပါ၊ အခုလောလောဆယ်ကတော့ နမ့်ခမ်း၊ တန့်ယန်း၊ တာချီလိတ်၊ မိုင်းယောင်း ၄ နေရာရှိပါလိမ့်မယ်၊ ကျနော်တို့ ရုံးဖွင့်ထားပြီးသားကတော့ တာချီလိတ်၊ နမ့်ခမ်းနဲ့ မိုင်းယောင်း မှာရှိပါတယ်၊ တန့်ယန်းကတော့ ရုံးမဖွင့်ရသေးပါ”

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးတင်အေးက လာမယ့် နိုဝင်ဘာလ သို့မဟုတ် ဒီဇင်ဘာလအတွင်း ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကြေညာထားပါတယ်။ လက်ရှိ လစ်လပ်မဲဆန္ဒနယ်မြေ ၃၁ နေရာရှိပြီး ရှမ်းပြည်နယ်မှာ နမ့်ခမ်း၊ တန့်ယန်း၊ တာချီလိတ်၊ မိုင်းယောင်းမြို့နယ်တွေဟာ လစ်လပ်မဲ ဆန္ဒနယ်မြေတွေ ဖြစ်ပါတယ်။

ညီလာခံ ဒုတိယမြောက် အခမ်းအနားနေ့အကြောင်း SNLD ပါတီပြောခွင့်ရသူ ဦးစိုင်းလိတ်ကို RFA သတင်းထောက် ကိုကျော်သူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။