ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနဲ့ တွေ့ခွင့်ရဖို့ SNLD ဆက်ကြိုးပမ်းမယ်

မကြာခင်က ပူတာအိုထောင်ကနေ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနဲ့ တွေ့ဆုံခွင့်ရဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

2011.11.23
khun_htun_oo_250_z.jpg ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင် အကျဉ်းချထားပါသည်။
RFA

ပါတီ ဆက်လက် ရပ်တည်ရေး အတွက် ခေါင်းဆောင် နှစ်ဦးရဲ့ သဘောထားကို သိရဖို့ လိုတယ်လို့ ဦးစိုင်းလိတ်က ဆိုပါတယ်။

ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရတဲ့ ဦးခွန်ထွန်ဦးကို နိုဝင်ဘာ ၂၀ က တောင်ငူထောင်ကို ပြောင်းရွှေ့လိုက်ပြီး နိုဝင်ဘာ ၂၁ ရက်မှာ မိသားစုနဲ့ တွေ့ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။

ဦးခွန်ထွန်းဦးဟာ ဒူးနာတဲ့ ဝေဒနာ ခံစားနေရတာကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်ဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။

ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ထောင်ဒဏ် ၁၀၅ နှစ် ချမှတ်ခံထားရတဲ့ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့ လွတ်မြောက် မလာသေးတဲ့ အတွက် SNLD အနေနဲ့ ပါတီမှတ်ပုံ ပြန်တင်ဖို့ မရှိဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထုတ်ပြန် ကြေညာခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ငါးပါတီ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA မှာ SNLD ပါတီလည်း ပါဝင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။