ရခိုင်မှာ ဘုန်းကြီးကျောင်း ၉ဝ နီး ပါး ပြန်ဆောက်ဖို့ သီတဂူ ဆရာတော် ကျပ်သိန်း ၈၀၀ ကျော် လှူဒါန်း


2015.08.26
sitagu-rakhine-620.jpg သီတဂူ ဆရာတော် အရှင်ဉာဏိဿရကကို ရခိုင်ပြည်နယ်မှာ သြဂုတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်
Photo: သီတဂူအောင်သန်းဝင်း( Facebook )

ရခိုင်ပြည်နယ်အတွင်းက ရေဘေးကြောင့် ပျက်စီးခဲ့ရတဲ့ ဘုန်းတော်ကြီး ၈၆ ကျောင်း အတွက် သီတဂူ ဆရာတော် အရှင်ဉာဏိဿရက ငွေကျပ် သိန်းပေါင်း ၈၀၀ ကျော်ကို စစ်တွေမြို့မှာ ဒီနေ့ ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက ကျန်းမာရေး၊ ပညာရေးနဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ အသုံးပြု နိုင်ဖို့ ငွေကျပ် သိန်းပေါင်း ၄၀၀၀ ကျော်ကိုလည်း ရခိုင်ပြည်နယ်အစိုးရကနေ တစ်ဆင့် ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ဆရာတော် အရှင်ဉာဏိဿရဟာ မနေ့က ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်တွေကို သွားရောက်ပြီး ရေဘေး သင့်ဒေသခံတွေအတွက် စားနပ်ရိက္ခာ တချို့လှူဒါန်းပေးခဲ့ သလို ဆရာတော်ရဲ့ ရခိုင်ပြည်နယ် ခရီးစဉ် အတွင်း ရေဘေးသင့်မြို့နယ် ၆ ခု အတွက် ဆန်အိတ်ပေါင်း ၂၀၀၀ ကို လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။