သူရဦးရွှေမန်းကော်မရှင်ကို သက်တမ်းတိုးမယ့်အပေါ် တပ်ကိုယ်စားလှယ် ကန့်ကွက်
2017.02.27

ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်ကို သက်တမ်း တစ်နှစ် တိုးမြှင့်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ သဘောထားတောင်းခံရာ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင် က ကန့်ကွက်ခဲ့ပေမယ့် မဲစနစ်နဲ့ သက်တမ်းတိုးဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥပဒေတွေအရသာ ကော်မရှင် ဖွဲ့စည်းခွင့်ရှိကြောင်းနဲ့ အဲဒီကော်မရှင် ဖွဲ့စည်းတာဟာ ၂၀၀၈ ဖဲ့ွစည်းပုံအေခြခံဥပဒေနဲ့ ညီ မညီ စစ်ဆေးပေးဖို့ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံးထံ တင်ပြထားတယ်လို့ ဗိုလ်မှူးချုပ်မောင်မောင် က ပြောပါတယ်။
ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို အဖွဲ့ဝင် ၃၈ ဦးနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်၊ မတ်လ ၁ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပြီး မနက်ဖြန် တစ်နှစ်ပြည့်ပြီဖြစ် တာကြောင့် နောက်ထပ်သက်တမ်းတစ်နှစ် တိုးမြှင့်ဖို့ ဆန္ဒသဘောထား တောင်းခံတာဖြစ်ပါတယ်။
ပြည်ထောင်စုလွှတ်တော်မှာ စက်ခလုတ်အသုံးပြုပြီး မဲခွဲဆုံးဖြတ်ရာ သက်တမ်းတိုးဖို့ ထောက်ခံသူ ၃၃၃ ဦး၊ ကန့်ကွက်သူ ၁၈၉ ဦး၊ ကြားနေ ၆ ဦး ရှိတာကြောင့် သက်တမ်းတစ်နှစ်တိုးဖို့ ပြည်ထောင်စု လွှတ်တော်က ဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။