ဓါတ်ငွေ့ပိုက်လိုင်းကြောင့် နစ်နာမှုများ စာရင်းကောက်ယူမည်
2013.08.31
တရုတ်ပြည်ကို သွယ်တန်းတဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းကြောင့် မြေယာဆုံးရှုံးမှုအသစ်တွေ ဖြစ်ပေါ်နေပြီး ဒီကိစ္စကို မြန်မာတရုတ် ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီက စာရင်းကောက်ယူဖို့ စီစဉ်နေတယ်လို့သိရပါတယ်။
မြေယာဆုံးရှုံးမူတွေဟာ မိုးတွင်းမှာ တွေ့ကြုံလာရတာဖြစ်ပြီး အထူးသဖြင့် တောင်ပေါ်ဒေသတွေမှာ ဖြစ်ပေါ်နေတယ်လို့ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီဝင် ဦးတင်သစ်ကပြောပါတယ်။
"တောင်ကျရေကျတဲ့အခါကျတော့ ဒီပိုက်လိုင်းက တောင်ရိုးတွေမှာဖြတ်ပြီးတော့ တည်ဆောက်ထားတာကိုး၊ အဲဒီကမြေစာတွေက တောင်ကျရေနဲ့ ပါလာပြီးတော့ တောင်ခြေက စိုက်ပျိုးမြေတွေ၊ စိုက်ခင်းတွေကို ထိခိုက်တာ၊ မိုးတွင်းမှာ ထူးထူးခြားခြား တွေ့ရတာရှိတယ်ခင်ဗျ၊ သိတာက အဖြစ်များဆုံးက ရခိုင်ရိုးမတို့ ရှမ်းတောင်တန်းတို့ဆီမှာ အဖြစ်များတယ်"
ဒီဆုံးရှုံးမှုတွေကို မှတ်တမ်းတင်ဖို့ ဒေသခံလူမှုရေးအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး စာရင်းကောက်ယူဖို့ စီစဉ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအနေနဲ့ ဒေသခံတွေကို သင်တန်းတွေ ပို့ချပေးနေပြီး ရှေ့လအတွင်း လုပ်ငန်းတွေ စတင်အကောင်အထည်ဖော်မှာဖြစ်တယ်လို့ ပိုက်လိုင်းစောင့်ကြည့်ရေးကော်မတီက ပြောပါတယ်။
ဓါတ်ငွေ့ပိုက်လိုင်းကြောင့် ဆုံးရှုံးမှုတွေကိုဖော်ထုတ်ဖို့ အခုလိုအဖွဲ့တွေဖွဲ့စည်းပြီး စတင်စောင့်ကြည့်ဆောင်ရွက်လာတာနဲ့ ပတ်သက်လို့ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် တင်ပြထားတာ နားဆင်နိုင်ပါတယ်။