ရွှေညဝါ ဆရာတော် တတိယနေ့ ဆွမ်းခံကြွ
2012.02.17

RFA
အခုလို နေ့စဉ် ရွှေညဝါ ဆရာတော် ဆွမ်းခံကြွတဲ့ကိစ္စမှာ တခြားသံဃာတော်တွေ ဝင်ရောက် ကြွချီခြင်း မပြုစေဖို့ တိုင်း သာသနာရေး ဦးစီးဌာန တာဝန်ရှိသူတွေက ရွှေညဝါ ဆရာတော်ကို မနေ့က လျှောက်ထားခဲ့ပါတယ်။ အဲဒီလို အတားဆီးခံရတဲ့ထဲမှာ မိမိလည်း ပါဝင်တယ်လို့ ဒဂုံမြို့သစ် မကွေး ပရိယတ္တိကျောင်း ဆရာတော် ဦးပါမောက္ခက အာအက်ဖ်အေကို မိန့်ပါတယ်။
သံဃာ့ မဟာနာယကက မိန့်ကြားချက်အတိုင်း ရွှေညဝါ ဆရာတော်ဟာ သန်ဘက်ခါ ၁၉ ရက်မှာ ကြည့်မြင်တိုင် ရွှေညဝါ ကျောင်းတိုက်ကနေ ထွက်ခွာမယ်လို့ ဆိုပါတယ်။ ၁၉ ရက် မနက်ပိုင်းမှာ ဒါယကာ ဒါယိကာမတွေနဲ့ နောက်ဆုံး တွေ့ဆုံပြီး နေ့လယ်ပိုင်းမှာ ကျောင်းတိုက်က ထွက်ခွာကာ မှော်ဘီမြို့နယ်က ခြံတစ်ခုမှာ သွားရောက် သီတင်းသုံးမယ်လို့ သိရပါတယ်။