S.E.A အားကစားပွဲ အောင်မြင်ဖို့ တရုတ်နိုင်ငံမှာ သွားလေ့ကျင့်မည်
2013.02.08

RFA
လာမယ့် ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပမယ့် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာအားကစားသမားတွေ ဆုတံဆိပ် ပိုမိုရရှိနိုင်ဖို့အတွက် အိမ်နီးချင်း တရုတ်နိုင်ငံက အဲဒီအားကစားနည်းတွေကို ကူညီလေ့ကျင့်ပေးမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။
တရုတ်နိုင်ငံကို သွားရောက်လေ့ကျင့်မယ့် အားကစားနည်းတွေထဲမှာ ပြေးခုန်ပစ်၊ စက်ဘီး၊ သေနတ်ပစ်၊ စားပွဲတင် တင်းနစ်၊ ဝူရှုး၊ ရေကူး ဒိုင်ဗင်၊ လက်ဝှေ့၊ အလေးမ၊ ဘောလီဘော၊ ဂျွမ်းဘား၊ လှေလှော် စတဲ့ အားကစားနည်းတွေ ပါဝင်တယ်လို့ သိရပြီး၊ ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေမှာလည်း တိုက်ကွမ်ဒို ၊ကရာတေးဒို၊ ဂျူဒိုအားကစားနည်းတွေကိုလည်း သွားရောက်လေ့ကျင့်မယ်လို့ ဦးသက်လွင် က ထပ်မံဖြည့်စွက်ပြောပါတယ်။
ရှေ့လာမယ့် မတ်လမှာ တရုတ်နိုင်ငံကို လေ့ကျင့်ဖို့အတွက် စတင်ထွက်ခွာမှာဖြစ်ပြီး ရက်ပေါင်း ၉၀ ကြာမယ်လို့လည်း ဆိုပါတယ်။