ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ

RFA Burmese
2024.08.01
ဆားလင်းကြီးမြို့နယ်က စစ်ကောင်စီဂိတ်စခန်း တိုက်ခိုက်ခံရ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့အား စစ်ကိုင်းတံတားပေါ်တွင် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၀ ရက်နေ့က တွေ့ရစဥ်။
AFP

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာက စစ်ကောင်စီတပ် ဂိတ်စခန်းကို ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဇူလိုင်လ ၃၁ ရက်နေ့ ညမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုတချို့ရှိခဲ့ပြီး လက်နက်တွေလည်းရခဲ့တယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံ တစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့က သူတို့ (စစ်ကောင်စီ) ဂိတ်ကို ဝင်ပစ်တာ။ သေနတ်လေးလက် ရတယ်။ G3 သုံးလက်နဲ့ အူဇီ တစ်လက် ရတယ်။ စစ်ကောင်စီဘက်က ခြောက်ယောက်သေပြီး တစ်ယောက် အပြင်းအထန် ဒဏ်ရာရတယ်"

ညောင်ပင်ကြီး ရဲစခန်းနဲ့ စစ်ကောင်စီတပ် ဂိတ်စခန်းတွေကို ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့တွေက မကြာခဏတိုက်ခိုက်လေ့ရှိပါတယ်။

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကတော့ လတ်တလောအခြေအနေကို မသိရသေးတဲ့အကြောင်း RFA ကိုပြောပါတယ်။

ညောင်ပင်ကြီးရွာက စစ်ကောင်စီတပ် ဂိတ်စခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ် အင်အား တစ်ရာဝန်းကျင်လောက်က ညောင်ပင်ကြီးရွာနဲ့ အနီးအနားဝန်းကျင် ရွာတွေကို စစ်ကြောင်းထိုးဖို့ ပြင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၀ ရက်နေ့ကလည်း ဆားလင်းကြီးမြို့နယ် ပေါင်းဝရွာမှာ စစ်ကောင်စီတပ် စစ်ကြောင်းနဲ့တိုးလို့ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦး ပစ်သတ်ခံခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။