သတင်းသမားတွေ လုံခြုံရေး ကုလအတွင်းရေးမှူးချုပ် ကြိုးပမ်းမယ်


2017.02.25

သတင်းသမားများ ဘေးကင်းလုံခြုံရေးအတွက် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ကြိုးပမ်းသွားမှာဖြစ်တယ်လို့ မနေ့က ထုတ်ဖေါ်ပြောဆိုပါတယ်။

သတင်းသမားတွေအတွက် ကုလအတွင်းရေးမှူးချုပ်နဲ့ အတူ နယ်စီးမထားသတင်းထောက်များအဖွဲ့ RSF အထွေထွေအတွင်းရေးမှူးချုပ်၊  CPJ သတင်းသမားကာကွယ်ရေးအဖွဲ့ဥက္ကဌတို့ ကြာသပတေးနေ့က တွေ့ဆုံခဲ့ပါတယ်။ CPJ ဥက္ကဌက ဒီကနေ့ကမ္ဘာမှာ သတင်းသမားတွေ ကာယကံ
မြောက်ကျူးလွန် ခံရတဲ့ အမူတွေ တိုးများလာတယ်လို့ဆိုပါတယ်။ ကုလအထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ ဆွေးနွေးပွဲမှာ သတင်းသမားတွေ လွတ်လွတ်လပ်လပ်
သတင်း ရယူနိုင်ရေး အတွက်စိတ်ဝင်တစား ဆွေးနွေးမှုတွေ လုပ်ခဲ့တယ်လို့ RSFအဖွဲ့ကပြောပါတယ်။


ပြီးခဲ့တဲ့ ငါးနှစ်အတွင်း သတင်းသမားများ သတ်ဖြတ်ခံရမူစံချိန်တင်ခဲ့သလို ရာနဲ့ချီတဲ့ တိုက်ခိုက်ခံရမူတွေလည်း ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။