ရိုဟင်ဂျာတွေ ကျွန်းပို့ရေး ဘင်္ဂလားဒေ့ရှ် အတည်ပြု
2017.02.01

ဘင်္ဂလားဒေ့ရှ်အစိုးရက သူ့နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာတွေကို ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ကျွန်းတကျွန်း ကို ပို့ဖို့စီစဉ်နေတာနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်လာတာကို ဘင်္ဂလာဒေ့ရှ်ဝန်ကြီးက အခုရွေ့ပြောင်းမှု ဟာ ယာယီသာဖြစ်ပြီး နောက်ပိုင်းမှာ မြန်မာနိုင်ငံက ပြန်ခေါ်မှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။
မြန်မာနိုင်ငံကဘက်က ထွက်ပြေးသူတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ရက်နေ့ေ မာင်တောဒေသမှာ အကြမ်း ဖက်မှုတွေဖြစ်ပြီးနောက် လုံခြုံရေးများရဲ့ စစ်ဆင်ရေးများစတင်ခဲ့တဲ့အချိန် နောက်ပိုင်းထွက်ပြေးကြတာဖြစ်ပြီး လူပေါင်း ၆သောင်း ၉ထောင်ရှိတယ်လို့ ဆိုပါတယ်။
ဘင်္ဂလာဒေ့ရှ်အစိုးရ ပြီးခဲ့တဲ့လက ချမှတ်ထားတဲ့ အစီအစဉ်အရ မြန်မာပြည်က ထွက်ပြေးလာသူလူဟောင်းနဲ့ အသစ်များကို တန်ဂါချာလို့ လူသိများတဲ့ကျွန်းကို ရွေ့ပြောင်းမှာ ဖြစ်ပါတယ်။ အဲဒီကျွန်းဟာ ဒီရေအတက်အကျ များပြီး ရေကြီးရေလျံမှုရှိတဲ့ ကျွန်းဖြစ်ပါတယ်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန အငယ်တန်းဝန်ကြီး အဆိုအရ ပထမဆုံးကျွန်းမှာ နေစရာအိမ်နဲ့ တခြားလိုအပ်တာတွေကိုေ ဆာက်လုပ်မှာဖြစ်ပြီး လူတွေကို တဖြည်းဖြည်းခြင်း ရွေ့ပြောင်းသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
အလားတူ ကျွန်းမှာ နေထိုင်သူတွေအတွက် မွေးမြူရေးတွေ လုပ်ကိုင်နိုင်ဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ တဆက်တည်း အခုလိုပို့ဆောင်ခြင်းဟာ ယာယီသာဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ပြန်ခေါ်ရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကုလသမဂ္ဂဒုက္ခသည်ဆိုင်ရာ မဟာမင်းကြီးရုံးက ဖွင့်လစ်ထားတဲ့ ဒုက္ခသည်စခန်းမှာေ နထိုင်သူ သုံးသောင်းရှိ ပါတယ်။ ဒါပေမဲ့ ဘင်္ဂလာဒေ့ရှ်မှာ စာရွက်စာတန်းမရှိသူ ရိုဟင်ဂျာ ၂သိန်းကနေ ၅သိန်းလောက်အထိရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။