ရိုဟင်ဂျာတွေ Safe Zone သီးသန့်ဒေသ တောင်းဆို
2016.12.30

ဥရောပအခြေစိုက် ရိုဟင်ဂျာအဖွဲ့အစည်း ၁၁ ခုက မြန်မာ့အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်း မှာ ရိုဟင်ဂျာတွေအတွက် လုံခြုံစိတ်ချစွာနေထိုင်နိုင်မယ့် သီးသန့်ဒေသ Safe Zone တစ်ခု ထူထောင်ပေးရေး အတွက် ပါဝင်ကူညီကြဖို့ တိုက်တွန်းတဲ့စာတစ်စောင်ကို မနေ့ကထုတ်ပြန်ခဲ့ပါတယ်။
အဲဒီ ကြေညာချက်မှာ ပါဝင်တဲ့အဖွဲ့တွေထဲက Burmese Rohingya Organization UK (BROUK) ခေါ် ဗြိတိန်အခြေ စိုက် မြန်မာရိုဟင်ဂျာ အစည်းအရုံးခေါင်းဆောင် ဦးထွန်းခင်က
"ရိုဟင်ဂျာလူမျိုးတွေကို တင်းတင်းကြပ်ကြပ် သုတ်သင်ရှင်းလင်းနေရာမှာ ဒေါ်အောင်ဆန်းစုကြည်က နည်းနည်း စစ်တပ်ကို အကာအကွယ်မပေးပဲနဲ့ ရိုဟင်ဂျာလူမျိုးတွေရဲ့ အထူးသဖြင့် နိုင်ငံသားအခွင့် အရေး၊ တိုင်းရင်းသားအခွင့်အရေးတွေကို အကာအကွယ်ပေးဖို့ လိုအပ်တယ်၊ ရခိုင်ပြည်နယ်မြောက် ပိုင်းမှာ နိုင်ငံ တကာကနေ Safe Zone တစ်ခုပေါ့၊ ရိုဟင်ဂျာတွေအတွက် ဖန်တီးပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင် စီကို ဒီကိစ္စကို ကျနော်တို့ တောင်းဆိုနေပါတယ်" လို့ ပြောပါတယ်။
အဲဒီ ကြေညာချက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်နဲ့ ပူးပေါင်းပြီး လူ့အခွင့်အရေးချိုးဖေါက်ကြောင်းလည်း စွပ်စွဲဖေါ်ပြထားပါတယ်။
ဒီကြေညာချက်ကို ဒိန်းမတ်နိုင်ငံ အက်စ်ဂျာ့ဂ်မြို့မှာ (ဒီဇင်ဘာ ၂၈ နဲ့ ၂၉) ၂ရက်ကြာ ကျင်းပခဲ့တဲ့ ဥရောပတိုက် ရိုဟင်ဂျာ ညီလာခံအပြီးမှာ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။