AI စွဲချက်ကို အစိုးရ လူ့အခွင့်အရေး ကော်မရှင် ငြင်း

အင်းစိန်အကျဉ်းထောင်တွင်း အစာငတ် ခံ ဆန္ဒပြခဲ့တဲ့ နိုင်ငံရေးအကျဉ်းသား တချို့ ညှဉ်းပန်း နှိပ်စက်ခံရတာနဲ့ ပတ်သက်လို့ AI ခေါ် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ရဲ့ စွပ်စွဲချက်တွေ မဟုတ်မှန်ကြောင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။

2011.12.30
amnesty_intl_thai_protest_305_z.png အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဦးဆောင်ကာ မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတခု အဖြစ် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
Photo: AFP

ဒီဇင်ဘာလ ၂၇ ရက်နဲ့ ၂၈ ရက်မှာ ကော်မရှင်ကိုယ်တိုင် အင်းစိန်ထောင်ကို သွားရောက်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့တဲ့ အကျဉ်းသားသုံးဦးကို တွေ့ဆုံ မေးမြန်း ခဲ့တယ်လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစိုးရကော်မရှင် အနေနဲ့ ထောင်တွင်း အခြေအနေမှန်တွေကို သေသေချာချာ ဆန်းစစ်ဖို့ လိုနေသေးတယ်လို့ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ အာရှပစိဖိတ် ဆိုင်ရာ လက်ထောက် ညွန်ကြားရေးမှူး Donna Guest က အာအက်ဖ်အေကို ပြောပါတယ်။

တကယ့် အခြေအနေမှန်တွေ သိရဖို့ အကျဉ်းထောင်တွေထဲ သွားပြီး အကျဉ်းသား တစ်ဦးချင်းနဲ့ လွတ်လပ်စွာ တွေ့ဆုံမေးမြန်းခွင့် ရှိရမှာဖြစ်ကြောင်း၊ ဒါအပြင် အင်းစိန်အကျဉ်းထောင်ကို တစ်ကြိမ်တစ်ခါတည်း သွားရောက်လေ့လာပြီး ‘အခြေအနေ အားလုံး ကောင်းပါတယ်’ လို့ ကောက်ချက်ချလို့ မဖြစ်ကြောင်း သူက ပြောပါတယ်။ မိမိကိုယ်တိုင် AI အဖွဲ့ ကိုယ်စားလှယ်တစ်ဦး အနေနဲ့ အင်းစိန်အကျဉ်းထောင်ထဲကို အကြိမ်ပေါင်းများစွာ သွားရောက်လေ့လာခဲ့ကြောင်း၊ AI အဖွဲ့ အနေနဲ့ အဓိက စိုးရိမ်တဲ့အချက်က အင်းစိန် အကျဉ်းထောင်တွင်း တွေ့ဆုံမေးမြန်းခံရတဲ့ နိုင်ငံရေး အကျဉ်းသားတွေရဲ့ လုံခြုံရေး ဖြစ်ကြောင်း၊ သူတို့ ပြောပြချက်တွေနဲ့ ပတ်သက်လို့ ထောင်အာဏာပိုင်တွေ အနေနဲ့ ညှဉ်းပန်းနှိပ်စက်မှု မရှိပါဘူး ဆိုတဲ့ အာမ,ခံချက် ရှိဖို့လိုကြောင်း စသဖြင့် Donna Guest က ပြောသွားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-12-30 19:04

ကော်မရှင်အဖွဲ့ ဝင်များတို့ ရေ......
အစိုးရ၀င်ထမ်းကြီ....သံတမန်ကြီးတွေလုပ်ခဲ့ပြီး...ဘာလို့ ဒီကိစ္စလေးကြမှ???????
ဒီလိုစစ်လို့ ပေါ်မယ်ထင်ရင်..Get Out...now!!!