ရခိုင်ညီလာခံ စတင်


2014.04.27
rakine-305 ဧပြီလ ၂၇ ရက်နေ့က ကျောက်ဖြူမြို့မှာ ရခိုင်အမျိုးသား ညီလာခံ ကျင်းပနေစဉ်
Photo:

ကျောက်ဖြူမြို့မှာ ရခိုင်အမျိုးသားညီလာခံကို ဒီကနေ့ တနင်္ဂနွေနေ့ မနက် ၇ နာရီက စတင်ခဲ့ပါတယ်။ ဒီ ညီလာခံကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဦးတင် နိုင်သိမ်း၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ် မောင်မောင်အုန်း တို့နဲ့အတူ ပြည်နယ်ဝန်ကြီးချုပ် နဲ့ ပြည်နယ် ဝန်ကြီးတွေ၊ ပြည်ပရောက် ရခိုင်တိုင်းရင်းသား ၊ နိုင်ငံရေး၊ လူမှုရေးနဲ့ လက်နက်ကိုင်အဖွဲ့အစည်း ဝင်တွေရောက်ရှိနေပြီး စုစုပေါင်း လူတစ်ထောင်ခန့် တက်ရောက်တယ်လို့ ဆိုပါတယ်။ရခိုင်ပြည် ဒီမိုကရက် တစ်ပါတီ နာယက တော်လှန်ရေးသမားကြီး ဦးသိန်းဖေ က ဒီညီလာခံဟာ ရခိုင်အမျိုးသားတရပ်လုံးရဲ့ အနာဂတ် အတွက် အင်မတန်အရေးပါတဲ့ ညီလာခံဖြစ် တယ်လို့ RFA ကို ပြောပါတယ်။

"ကျနော်တို့ရဲ့ ရှေ့အနာဂတ်ကို ချီတက်ဖို့ရန်မှာ အန်မတန်မှကြီးကျယ်တဲ့ သမိုင်း၊ မှတ်တမ်းတင်ရမဲ့ ညီလာခံကြီးဖြစ်ပါတယ်။ကျနော်တို့ ရခိုင်တစ်မျိုးသားလုံးကို ညီညွတ်အောင် စည်းရုံးပေးတဲ့ ညီလာခံ ကြီးလည်း ဖြစ်ပါတယ်။ကျနော်တို့ ဒီနေ့ showroom အနေနဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ တန်းတူညီ မျှရေးတရားတွေကိုလည်း ဒီညီလာခံကြီးကပဲ အကုန်လုံး လူ့အခွင့်အရေး ရသင့်ရထိုက်တာတွေကို လည်း ဖော်ဆောင်ပေးနိုင်မယ်လို့ ကျနော်ခံယူပါတယ်။ကျနော်တို့ အုပ်တစ်ချပ် သဲတစ်ပွင့် အမျိုးသားညီ ညွတ်ရေးကို ကြိုးပမ်းလာတာက တော်တော်ကြာပါပြီ အခုမှသာတပြည်လုံးအတိုင်းအတာအရ ညီညွတ်မှုကို ဒီညီလာခံကြီးက ဖေါ်ထုတ်နိုင်တဲ့အတွက် အထူးပဲကျနော်ဝမ်းမြောက်ဝမ်းသာဖြစ်ပါတယ်။"

ညီလာခံကျင်းပရေး ကော်မတီ ဒုတိယဥက္ကဌ ဦးလှစောကလည်း ဒါဟာ ရခိုင်လူမျိုးတွေအတွက် သမိုင်းဝင်ကာလ တစ်ခုပါပဲလို့ RFA ကို ပြောပါတယ်။ ရခိုင်အမျိုးသားညီလာခံကို ဒီနေ့ ဧပြီလ ၂၇ရက်နေ့ကနေ မေလ ၁ရက်နေ့ အထိကျင်းပမှာ ဖြစ်ပါတယ်။

ဦးလှစောနဲ့ ဆက်သွယ်မေးမြန်းချက်ကို နားဆင်ပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။