ရခိုင်ပြည်နယ်နေ့ အခမ်းအနား တိုင်းရင်းသားကျေးရွာမှာ ကျင်းပ


2016.12.17
rakhine-state-day-ygn-620 ရန်ကုန်တိုင်း သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ဒီဇင်ဘာလ ၁၇ ရက်နေ့က ကျင်းပစဉ်
Photo: Thant Zin Oo/RFA

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ရခိုင်တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဌာနက ဦးဆောင်ကျင်းပတဲ့ ၄၂ နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်တိုင်း သာကေတမြို့နယ်က တိုင်းရင်းသားကျေးရွာမှာ ကျင်းပခဲ့ပါတယ်။

ရခိုင်ပြည်နယ်နေ့ အခမ်းအနားဟာ ရခိုင်သားတွေရဲ့ စည်းလုံးညီညွတ်မှု၊ ရခိုင်တွေရဲ့ သမိုင်းနဲ့ ယဉ်ကျေးမှု ကို ဖော်ထုတ်တဲ့ပွဲဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင် က ပြောပါတယ်။

အဲဒီပွဲတော်ကို ဒီနေ့ ဒီဇင်ဘာလ ၁၇ ရက်ကနေ ၁၈ ရက်နေ့ထိ ၂ ရက်တာ ကျင်းပမှာဖြစ်ပြီး ရခိုင်စင်တင်တေးဂီတဖျော်ဖြေပွဲတွေ၊ ရခိုင်ရိုးရာ ကျင်ကိုင်ပွဲ၊ ခေါင်းအုံးသတ်ပြိုင်ပွဲ အပါအဝင် ရခိုင်ရိုးရာ အမှတ်တရပစ္စည်းတွေနဲ့ ရခိုင်အစားအစာတွေကိုလည်း ရောင်းချနေတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။