ရခိုင်ပြည်နယ်တွင်း မိုးသည်းထန်ပြီး ရေကြီးမှုကြောင့် အိမ်ခြေအများအပြား ပျက်စီး

ရခိုင်ပြည်နယ်တွင်းက လွန်ခဲ့တဲ့ (၂) ရက်က မိုးအသည်းအထန် ရွာသွန်းခဲ့တဲ့အတွက် ဘူးသီးတောင်၊ မောင်တောနဲ့ ကျောက်တော်မြို့နယ်တွေမှာ ရေလွှမ်းမိုးပြီး အိမ်ခြေအများအပြား ပျက်စီးခဲ့ပါတယ်။

2012.06.29

ရေကြီးမှုကြောင့် ကုန်းမြင့်ရာနေရာမှာ ယာယီကယ်ဆယ်ရေး စခန်းတွေ ဖွင့်လှစ်ပြီး ဒေသခံတွေကို ရွှေ့ပြောင်း ပေးထားရပါတယ်။

ဘူးသီးတောင်၊ မောင်းတောမြို့နယ်တွေအတွင်း မေယုတောင်တန်း တလျှောက်မှာ မြေပြိုကျမှုတွေရှိပြီး လမ်းပန်းဆက်သွယ်ရေး တွေ ပြတ်တောက်ခဲ့ပါတယ်။

အဲဒီအချိန်အတွင်းမှာပဲ ပုဏ္ဍားကျွန်းမြို့နယ်ထဲက ရွာတစ်ရွာမှာ လေဆင်နှာမောင်း တိုက်ခတ်သွားခဲ့တဲ့အတွက် အိမ်ခြေ ၁၅ လုံး ပျက်စီးသွားခဲ့ပြီး လူပေါင်း ၈၉ ယောက် အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။