ရခိုင် ဒီမိုကရေစီအဖွဲ့ချုပ် ပါတီ မှတ်ပုံတင်တော့မည်

CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီဝင် ဦးအေးသာအောင်နဲ့ ကြေးမုံ ဦးသာဘန်းတို့ ဦးဆောင်တဲ့ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ကို နောက်လထဲမှာ ပါတီ မှတ်ပုံပြန်တင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်လို့ သတင်းရရှိပါတယ်။

2012.01.18
aye-thar-aung-305 ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ခေါင်းဆောင်နှင့် ပြည်သူ့ လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင်။ (Image: RFA)
(Image: RFA)

ဒီကိစ္စနဲ့ ပတ်သက်လို့ ဦးအေးသာအောင်က RFA ကို အခုလို ပြောပါတယ်။

“နောက်လလောက်ကို ကျွန်တော်တို့ တင်မလို့ပါ။ အရင်တုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြန်လည် မှတ်ပုံတင်ပေမယ့် ခွန်ထွန်းဦး တို့လို၊ စိုင်းညွန့်လွင်တို့လို၊ မင်းကိုနိုင်၊ ကိုကိုကြီးနဲ့ တကွ ရဟန်း သံဃာတော်တွေ၊ နိုင်ငံရေး အကျဉ်းသားတွေ မလွတ်မချင်း မှတ်ပုံ မတင်သေးဘူး ဆိုပြီး ကျွန်တော်တို့က ဆုံးဖြတ်ပြီး နေခဲ့တယ်။ အခုတော့ နိုင်ငံရေး အကျဉ်းသားတွေလည်း လွတ်လာပြီ ဆိုတော့ ကျွန်တော်တို့ပါတီ အနေနဲ့ မှတ်ပုံတင်ဖို့ ဆုံးဖြတ်ပါတယ်”

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ်ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တတိယ မဲအများဆုံး ရခဲ့ပေမယ့် စစ်အစိုးရက ပါတီကို ဖျက်သိမ်းခဲ့ပါတယ်။ နောက်လထဲမှာ ပါတီ မှတ်ပုံပြန်တင်မှာ ဖြစ်ပေမယ့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ ပြင်ဆင်ချိန် လုံလုံလောက်လောက် ရနိုင်မှာ မဟုတ်ဘူးလို့ တွက်ဆထားပါတယ်။

ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်တွေထဲက ကွယ်လွန်သွားသူတွေနဲ့ ပြည်ပ ရောက်သွားသူတွေ နေရာမှာ အစားထိုးဖို့ ဆုံးဖြတ်ထားပြီးကြောင်း ကိုလည်း ဦးအေးသာအောင်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2012-01-18 22:09

ရခိုင်လူမျိုးအတွက် ဂုဏ်ယူပါတယ်ဆရာ..
အမြဲးအားပေးသွားပါတယ် ..အောင်မြင်ပါစေလို့ 
ဆုတောင်းပေးခဲ့ပါတယ် ....။
လေးစားစွာဖြင့် ... ရာဇာ

Anonymous
2012-01-22 06:52

ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ပြန်လည်မှတ်ပုံ တင်မည့်သတင်း ကြားသိရ သဖြင့် ၀မ်းသာ မိသလို မကြာသေးမီက ကွယ်လွန်သွားပြီဖြစ်တဲ့ ဆရာ ဦးဖြူစိန်ဦး (ရခိုင်ဒီမိုကရေစီ-မြေပုံမြို့နယ်)အတွက်
ဝမ်းနည်းတသဖြစ်မိပါသည်။ ရခိုင်ဒီမိုကရေစီ ပါတီ ရဲ့လုပ်ဆောင် ချက်များအောင်မြင်ပါစေ။
နိုင်ဂျီးရီးယား ရောက် ရခိုင်သားများ