စမ်းချောင်းမြို့နယ် ကျွန်းလယ်သမဝါယမရုံးရှေ့တွင် ဆန္ဒပြ
2012.10.28

RFA/Kyaw Lwin Oo
သမဝါယမ အဆောက်အဦးကိစ္စ ဖြေရှင်းပေးဖို့နဲ့ ငွေစာရင်း အလွဲသုံးစားလုပ်သူတွေကို ဖော်ထုတ်အရေးယူပေးဖို့ စတဲ့အချက်(၁၁) နဲ့ တောင်းဆိုဆန္ဒပြခဲ့ကြတယ်လို့ သမဝါယမအသင်းဝင် ကိုတင်ထက်ကိုက RFA ကို ပြောပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲဟာ အာဏာပိုင်တွေထံက ကြိုတင်ခွင့်ပြုချက်ရယူ ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဆန္ဒပြပွဲ ပြုလုပ်ဖို့ ခွင့်ပြုချက်ရရှိထားတဲ့ နေရာမှာ မော်တော်ကားနှစ်စီးက လာရောက်ပိတ်ဆို့ ရပ်နားထားခဲ့တဲ့အတွက် ဆန္ဒပြသူတွေကို အနှောင့်အယှက်ဖြစ်ပေါ်စေခဲ့တာကြောင့် ဆန္ဒပြသူတွေအနေနဲ့ အဲဒီမော်တော်ကားနှစ်စီးရဲ့ ပိုင်ရှင်တွေကို တရားစွဲဆိုသွားမယ်လို့ သိရပါတယ်။
ဒီကနေ့ ဆန္ဒပြပွဲက တောင်းဆိုချက် (၁၁) ချက်ကို သက်ဆိုင်ရာ သမဝါယမဝန်ကြီးဌာနက သီတင်း (၃)ပတ်အတွင်း ဖြေရှင်း မပေးဘူးဆိုရင် စီတန်းလမ်းလျှောက်ဆန္ဒပြဖို့ ဆက်လက်စီစဉ်ဆောင်ရွက် သွားမယ်လို့လည်း ဆန္ဒပြသူတွေက ပြောပါတယ်။