သန္တိသုခကျောင်းကိစ္စ တရားသဖြင့် ဖြေရှင်းပေးဖို့ နယူးယောက် မြန်မာသံရုံးရှေ့ ဆန္ဒပြ


2014.06.21
protest-305 သန္တိသုခကျောင်းကိစ္စ ဇွန်လ ၂ဝ ရက်နေ့က အမေရိကန်ရောက် မြန်မာသံဃာတွေနဲ့ လူပုဂ္ဂိုလ်တချို့ နယူးယောက်မြို့ မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ ဆန္ဒပြနေစဉ်
Photo: U Zawana Facebook

နိုင်ငံတကာသာသနာပြု ပီနန်ဆရာတော်ဦးပညာဝံသရဲ့ တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းနဲ့ ပတ်သက် ပြီး တရားသဖြင့်ဖြေရှင်းပေးဖို့ အမေရိကန်ရောက် မြန် မာ ရဟန်းသံဃာတွေနဲ့ လူပုဂ္ဂိုလ်တချို့က နယူးယောက် မြို့က မြန်မာကောင်စစ်ဝန်ရုံးရှေ့မှာ မနေ့နေ့လည်က ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အဲဒီဆန္ဒပြပွဲနဲ့ပတ်သက်လို့ နိုင်ငံရေး အကျဉ်းသားဟောင်း ရွှေပြည်သာ ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ဇဝနက RFA ကို မိန့်ပါတယ်။

"ဒီနေ့လုပ်တဲ့ ကိစ္စက သန္တိသုခကျောင်းကို မတရားသောနည်းလမ်းတွေနဲ့ ဖြေရှင်းတဲ့ ကိစ္စအပေါ်ကို ကန့်ကွက်ဆန္ဒပြတာဖြစ် တယ်၊ မြတ်စွာဘုရားဟောကြားထားတဲ့ တရားနည်းလမ်းတကျ နည်းလမ်းတွေရှိပါလျက်နဲ့ ဗုဒ္ဓအလိုကျလုပ်ထုံးလုပ်နည်းတွေကို ပယ်ခွာပြီး အာဏာကိုအလွဲသုံးစားလုပ်တဲ့အတွက်ကြောင့် သံဃာတော်တွေကနေ ကန့်ကွက်ဆန္ဒပြတာဖြစ်ပါတယ်"

မဟာသနိ ္တသုခကျောင်းကို ညအချိန်မတော် ဝင်ရောက်စီးနင်းသိမ်းပိုက်တာကို ကန့်ကွက်ကြောင်း နဲ့ ကျောင်းပိုင်ဆိုင်မှုကို တရားသဖြင့်ဖြေရှင်းပေးဖို့ တောင်းဆိုထားတဲ့ စာတစ်စောင်ကို သံရုံးကနေတဆင့် သမ္မတဦးသိန်းစိန်ဆီပေးပို့တဲ့အခါ ဝန်ထမ်းတစ်ဦးကထွက်ပြီး လက်ခံယူသွားတယ်လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။