နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး မိသားစုတွေမျှော်လင့်

လာမယ့် ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်လာမယ် ဆိုတဲ့သတင်းတွေ ထွက်ပေါ်နေတဲ့ အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ မိသားစုဝင် တချို့ ဆိုင်ရာအကျဉ်းထောင်တွေကို ကြိုတင် သွားရောက် စောင့်ဆိုင်းဖို့ ထွက်ခွာသွားခဲ့ကြပါတယ်။

2012.01.01
prisoner_family_waiting_305_z.jpg အကျဉ်းသားများ၏ မိသားစုဝင်တဦး မေလ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်ထောင်ရှေ့တွင် စောင့်နေပုံ ဖြစ်ပါသည်။ အကျဉ်းသားအားလုံးကို ထောင်ဒဏ်တနှစ်စီ လျှော့ပေါ့ပေးပြီး အင်္ဂါနေ့မှစပြီး အကျဉ်းသား ၁၇ ၀၀၀ ကို စတင် လွှတ်ပေးနေကြောင်း ဦးသိန်စိန် အစိုးရက ကြေငြာခဲ့ပြီး သော်လည်း နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် အကျဉ်းထောင်တွင်း ကျန်ရှိနေသေးသည့်အပေါ် ပြည်တွင်းပြည်ပ အဖွဲအစည်းများက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြသည်။ ဓါတ်ပုံ (AFP)
AFP

နယ်ဝေး အကျဉ်းထောင်တွေဆီ အပို့ခံထားရတဲ့ နိုင်ငံရေး အကျဉ်းသား တွေရဲ့ မိသားစုဝင်တချို့ ဒီကနေ့ မနက်က ထောင်တွေဆီ ထွက်ခွာ သွားခဲ့ကြတယ်လို့ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့ဝင် ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

“မျှော်လင့်လို့ပေါ့ဗျာ။ ၃ ရက်နေ့ ကြေညာမယ်၊ ၄ ရက်နေ့ လွှတ်မယ် လို့ ကြားနေရတာကိုး။ ကျနော် သိသလောက် အတော်များများ သွားကြ တယ်။ ဒီနေ့မနက်က ဆိုရင် ပူတာအို ဗျာ။ ကျနော် လေယာဉ်ကွင်း လိုက်ပို့လိုက်တာ။ မနက်ဖြန် ကျောက်ဖြူ သွားကြမယ့်သူတွေ ရှိတယ်”

လာမယ့် ဇန်နဝါရီလ ၄ ရက်နေ့မှာ နောက်ထပ် အကျဉ်းသားတွေ လွှတ်ပေးဖို့ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေရာမှာ ၈၈ ကျောင်းသားခေါင်းဆောင် တချို့လည်း ပါလိမ့်မယ်လို့ မျှော်လင့်နေ ကြပါတယ်။ ဒါပေမယ့် ၈၈ ကျောင်းသားခေါင်းဆောင်တွေထဲက သရက်အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုမင်းကိုနိုင်နဲ့ မိုင်းဆတ် အကျဉ်းထောင်မှာ ရှိနေတဲ့ ကိုကိုကြီး တို့ရဲ့ မိသားစုတွေကတော့ အိမ်မှာပဲ ရှိနေကြကြောင်း ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။