စာနယ်ဇင်း ဆိုင်ရာ ဥပဒေမူကြမ်း နိုင်ငံရပ်ခြား ဥပဒေတွေ ကိုးကား
2012.01.31

AFP
မြန်မာအစိုးရ ရေးဆွဲနေတဲ့ စာနယ်ဇင်းဆိုင်ရာ ဥပဒေမူကြမ်းဟာ လွတ်လပ်စွာ ရေးသား ပုံနှိပ်ထုတ်ဝေခွင့် ဘယ်လောက် ပါရှိမလဲလို့ အာအက်ဖ်အေက မေးမြန်းတဲ့အခါ ဦးကိုကိုက အခုလိုပြောဆိုလိုက်တာပါ။
ဒီဥပဒေ ပေါ်လာရင် စာပေစိစစ်ရေး ရှိတော့မှာ မဟုတ်ကြောင်း၊ စာနယ်ဇင်းတွေကို ဖိနှိပ်ချုပ်ချယ်ဖို့ မဟုတ်ဘဲ လွတ်လပ်ခွင့်
ပေးတဲ့ ဥပဒေ ဖြစ်ကြောင်း ဦးတင့်ဆွေက ပြောသွားတယ်လို့လည်း ဆိုပါတယ်။
ဒီဥပဒေ ပြဋ္ဌာန်းပြီးရင် နေ့စဉ် ထုတ်ပုဂ္ဂလိက သတင်းစာတွေလည်း ထုတ်ဝေခွင့် ရလာနိုင်ဖွယ် ရှိတယ်လို့ ဦးကိုကိုက ခန့်မှန်းပြောဆိုပါတယ်။
ဒါပေမယ့် ဒီဥပဒေသစ်အရ စာနယ်ဇင်းလောက ပိုမို ကောင်းမွန်လာမလား ဆိုတာကိုတော့ ဥပဒေပါ ပြဋ္ဌာန်းချက်တွေကို မသိရသေးတာက တစ်ကြောင်း၊ လွှတ်တော် အဆင့်ဆင့်ကလည်း ဆွေးနွေး အတည်ပြုဦးမှာ ဖြစ်တာက တစ်ကြောင်းကြောင့် ကြိုတင် ပြောလို့မရဘူးလို့ ဦးကိုကိုက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ နဲ့ ၃၁ ရက်မှာကျင်းပခဲ့တဲ့ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတစ်ခုမှာ သတင်းမီဒီယာကို ဘယ်လို ဖွံ့ဖြိုးအောင ်လုပ်ကြမလဲဆိုတဲ့ စာနယ်ဇင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲမှာတော့ Code of Ethics ဆိုတဲ့ စာနယ်ဇင်း ဆိုင်ရာ ကျင့်ဝတ် ရေးဆွဲရေး သဘောတူညီမှု ရသလို ကျင့်ဝတ် ရေးဆွဲရေး ကော်မတီတစ်ခု ဖွဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် စာနယ်ဇင်း သင်တန်းကျောင်း ပေါ်ပေါက်ရေးကို ဆက်လက် ဆောင်ရွက် သွားကြဖို့ သဘောတူကြတယ်လို့ ဦးကိုကိုက ပြောပါတယ်။