KNU နယ်မြေမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှု ဗိုလ်ချုပ်ကြီးယွက်စစ် ကန့်ကွက်ရှုတ်ချ

2021.04.03
KNU နယ်မြေမှာ စစ်ကောင်စီ လေယာဉ်နဲ့ ဗုံးကြဲမှု ဗိုလ်ချုပ်ကြီးယွက်စစ် ကန့်ကွက်ရှုတ်ချ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ PPST ယာယီအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်ကို ၂၀၂၁၊ ဧပြီ ၃ ရက်နေ့က တွေ့ရစဉ်
Photo: NCA-S EAO

KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံတွေ သေဆုံးတာ၊ ထွက်ပြေးနေရတာတွေကြောင့် ကန့်ကွက်ရှုတ်ချကြောင်း ဒီနေ့ PPST အစည်းအဝေးမှာ ဗိုလ်ချုပ်ကြီး ယွက်စစ် က ပြောကြားလိုက်ပါတယ်။

ဒီနေ့ အွန်လိုင်းကနေပြုလုပ်တဲ့ အပစ်ရပ်အဖွဲတွေ ဖွဲစည်းထားတဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်းမှာ ယာယီခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။

စစ်ကောင်စီက အာဏာသိမ်းတာ နှစ်လကျော်ပေမယ့် ပြည်သူတွေက လက်မခံဘဲ ငြိမ်းချမ်းစွာဆန္ဒပြနေတာ အကြမ်းဖက်နှိမ်နင်းပစ်ခတ်နေတဲ့ကြားက နွေဦးတော်လှန်ရေးကို အရှိန်အဟုန်မပြတ်လုပ်နေတာကိုလည်း ဂုဏ်ပြုကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်တာကြောင့် ကလေးတွေ၊ အမျိုးသမီးတွေ အပါအဝင် လူ ၅၀၀ ကျော် သေဆုံးခဲ့တဲ့အတွက် စစ်ကောင်စီခေါင်းဆောင်တွေ တာဝန်ယူရမယ်လိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

ဒီနေ့အစည်းအဝေးမှာ NCA စာချုပ်ကို ပြန်လည်သုံးသပ်တာ၊ နွေဦးတော်လှန်ရေးနဲ့ CDM လှုပ်ရှားမှုကို ဆက်လက်ပံ့ပိုးကူညီတာ၊ ပြည်သူတွေကို စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်တာကို တားဆီးတာနဲ့ CRPH လက်ရှိလုပ်ဆောင်နေတဲ့လုပ်ငန်းတွေနဲ့ ရှေဆက်လုပ်ဆောင်မယ့်လုပ်ငန်းတွေကို ဆွေးနွေးညှိနှိုင်းသွားမယ် လို့လည်း ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2021-04-03 03:01

we stand with CRPH and PPST