ရှမ်းပြည်နယ်မှာ လက်နက် ၃၀ ကျော် သိမ်းဆည်းရမိ


2013.05.28

ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့နယ်မှာ လက်နက်တွေပါတဲ့ ပိုင်ရှင်မဲ့ကားတစီးကို မနေ့မနက်က ဖမ်းမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

မူဆယ် မန္တလေးလမ်းပေါ်က အေရှားဝေါဂိတ်မှာ လားရှိုးမြို့ကနေလာတဲ့ မတ်တူးကားတစီးကို သက်ဆိုင်ရာကစစ်ဆေးတာ မရပ်ပဲ မောင်းပြေးသွားခဲ့ပါတယ်။

အဲဒီနောက်ပိုင်း သိန္နီမြို့နယ် နားဆော့ရွာ ဘုန်းကြီးကျောင်းအနားမှာ အဲဒီကားကို ရပ်နားထားတာတွေ့ရပြီး သိန္နီရဲစခန်းက သွားရောက်စစ်ဆေးတဲ့အခါ ကားထဲမှာလက်နက်ခဲယမ်းတွေ တွေ့ရှိတာကြောင့် သိမ်းဆည်းလိုက်တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ သိန္နီရဲစခန်းကို မေးကြည့်တဲ့အခါ တရားခံကို ခုထိမမိသေးတဲ့အကြောင်းနဲ့ ဖမ်းမိတဲ့ လက်နက်တွေအကြောင်း တာဝန်ကျ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

တရားခံကတော့ မမိသေးဘူး၊ လက်နက်ကတော့ ၃၂ လက်ပါ၊ အဟောင်းတွေခင်ဗျ၊ လက်နက်ကတော့ ၇၉ ပါတယ်၊ ၁၆ ပါတယ်၊ အမ် ၂၂ ပါတယ်။ အဲဒီကားက လားရှိုးဘက်ကနေလာတာ၊ ကျနော်တို့ထင်တာတော့ မူဆယ်ဘက်ကို တက်မယ်ထင်တာပဲ၊ ကားက မတ်တူး ရွှေငါးခင်ဗျ၊ တရားခံကတော့ စုံစမ်းတုန်းခင်ဗျ”

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရင်နှစ်တွေကလဲ အခုလိုမျိုး လက်နက်ဖမ်းမိတာမျိုးတွေရှိပေမယ့် အခုနှစ်မှာတော့ ဒီဖြစ်ရပ်ဟာ ပထမဆုံးလို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။