စုံစမ်းရေးကော်မရှင်ကို ဖိလစ်ပိုင် ကြိုဆို


2018.08.01
rosario-manalo-622.jpg လွတ်လပ်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဌ ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး Rosario Manalo ရိုဆာရီယို မယ်နာလို ကို တွေ့ရစဉ်
Photo: dfaphl

မြန်မာအစိုးရက ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခဲ့တာကို ဖိလစ်ပိုင်အစိုးရက ဗုဒ္ဓဟူးနေ့ မနေ့က ကြိုဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့ အခြေအနေတွေကို ဖိလစ်ပိုင်က အထူးစိုးရိမ်စွာ အစဉ်မပြတ်စောင့်ကြည့်နေကြောင်းနဲ့ အခုလို မြန်မာအစိုးရက ကတိကဝတ်ပြု ဆောင်ရွက်ခဲ့တာကို ကြိုဆိုပါကြောင်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး Alan Peter Cayetano အလန် ပီတာ ကာယေတာ့နို က ပြောပါတယ်။

ဒါ့အပြင် ဇူလိုင် ၃ဝ ရက်နေ့မှာ မြန်မာအစိုးရ ဖွဲ့စည်းခဲ့တဲ့ အဲဒီ စုံစမ်းရေးကော်မရှင်မှာ ဖိလစ်ပိုင် ဒုတိယ နိုင်ငံခြားရေးဝန်ကြီးဟောင်း သံအမတ်ကြီး Rosario Manalo ရိုဆာရီယို မယ်နာလို ကို ဥက္ကဌ အဖြစ် တာဝန်ပေး ခန့်အပ်ခဲ့တဲ့အတွက် ဂုဏ်ယူပါကြောင်းနဲ့ ရခိုင်ပြည်နယ်မှာ ပဋိပက္ခတွေ ချုပ်ငြိမ်းရေးအတွက် ဖိလစ်ပိုင်နိုင်ငံက ဝမ်းမြောက်ဝမ်းသာ ကူညီပံ့ပိုးလိုပါကြောင်းလည်း မနေ့က ပြောကြားခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။