စုံစမ်းရေး ကော်မရှင်သစ် ဟန်ပြအဖြစ် ပြောဆို
2018.08.01

ရခိုင်ပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စုံစမ်းဖို့ အစိုးရက လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ကော်မ ရှင်သစ် ဖွဲ့စည်းလိုက်တာဟာ ထွင်လုံးသက်သက်ပဲလို့ အကဲခတ်တွေက မနေ့က ဝေဖန်လိုက်ပါတယ်။
ဒါဟာ နိုင်ငံရေးထွင်လုံးလို့ ရန်ကုန်အခြေစိုက် အကဲခတ်ပုဂ္ဂိုလ် David Mathieson က ပြောပါတယ်။ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ ကုလသမဂ္ဂနဲ့ မီဒီယာတွေက သက်သေအထောက်ထားတွေ စုဆောင်းထားပြီးတဲ့ အကြောင်း၊ ဒီ စုံစမ်းရေးကော်မရှင်ဟာ ဟန်ပြလုပ်တာနဲ့တူပြီး စစ်မှန်တဲ့ စုံစမ်းစစ်ဆေးရေးမဟုတ်ဘဲ စစ်တပ်က လူမျိုးစုရှင်းလင်းတာကို အကာကွယ်ပေးဖို့ ပူးပေါင်းနိုင်ရုံပဲ ရှိမယ့်အကြောင်း ပြောပါတယ်။
စုံစမ်းရေးကော်မရှင်သစ်မှာ နိုင်ငံခြားသားနှစ်ဦးနဲ့ မြန်မာနှစ်ဦး ပါဝင်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံခြားရေး ဒုဝန် ကြီးဟောင်း Rosario Manalo ၊ ဂျပန်နိုင်ငံဆိုင်ရာကုလသမဂ္ဂ ကိုယ်စားလှယ် Kenzo Oshima၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေခုံရုံး ဥက္ကဌဟောင်း ဦးမြသိန်း၊ ရိုဟင်ဂျာပြဿနာအတွက် မြန်မာအစိုးရကဖွဲ့စည်းတဲ့ ရခိုင်ပြည်နယ် ဒေသ အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း ညှိနှိူင်းရေးမှူးချုပ် ဒေါက်တာအောင်ထွန်းသက်တို့ ပါဝင်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံထုတ် ဒေးလီးစတားသတင်းစာနဲ့ ဧပြီလကမေးမြန်းခန်းမှာ ရိုဟင်ဂျာတွေကို လူမျိုးစု မရှင်းလင်းဘူးလို့ ဒေါက်တာအောင်ထွန်းသက်က ငြင်းပါတယ်။