တရားသူကြီးကို ချိန်ခွင်ပျက်ပေးသူ ပြန်လွတ်


2019.12.16
pawlu-622 ကချင်လူငယ် ကိုပေါလု ၂၀၁၉၊ ဒီဇင်ဘာ ၁၆ ရက်နေ့က မြစ်ကြီးနား အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာစဥ်
ဓါတ်ပုံ - အဲလိဇဘက်ဂျန်မာ/ RFA

မြစ်ကြီးနားမြို့နယ် တရားသူကြီးကို ချိန်ခွင်ပျက်တစ်ခုပေးခဲ့တာကြောင့် ထောင်ဒဏ် သုံးလချမှတ်ခံခဲ့ရတဲ့ ကချင်လူငယ် ကိုပေါလု လွတ်ရက်စေ့လို့ မြစ်ကြီးနား အကျဉ်းထောင်ကနေ ဒီနေ့ ပြန်လည်လွတ်မြောက်လာပါတယ်။

ကိုပေါလုဟာ ကချင်စစ်ဘေးဒုက္ခသည်တွေအကြောင်း သရုပ်ဖော်တင်ပြရာမှာ ဦးဆောင်ခဲ့တာကြောင့် ကချင်လူငယ် မဆိုင်းနူးပန်နဲ့အတူ ထောင်ဒဏ် ၁၅ ရက်စီကျခံဖို့ မြစ်ကြီးနားမြို့နယ် တရားရုံးက ပြီးခဲ့တဲ့ စက်တင်ဘာလ ၂ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့မှာ ကိုပေါလုက တရားသူကြီးကို ချိန်ခွင်ပျက် ပေးခဲ့တာကြောင့် ပြည်သူ့ဝန်ထမ်းကို စော်ကားနှောင့်ယှက်မှု ရာဇသတ်ကြီး ပုဒ်မ ၂၂၈ နဲ့ တရားစွဲခံရပြီး ထောင်ဒဏ် သုံးလ သီးခြားထပ်မံချမှတ်ခံခဲ့ရသူပါ။

သူနဲ့အတူ ထောင်ဒဏ် ၁၅ ရက် ချမှတ်ခံထားရတဲ့ မဆိုင်းနူးပန်ကတော့ စက်တင်ဘာ ၂၀ ရက်နေ့က လွတ်ရက် စေ့လို့ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ကိုပေါလုနဲ့ မဆိုင်းနူးပန် တို့အမှုကို ပြည်နယ်တရားလွှတ်တော်ကို အယူခံတင်ခဲ့ပေမယ့် လက်မခံဘဲ ပယ်ချခံခဲ့ ရပါတယ်။

သူတို့ နှစ်ဦးလုံးကတော့ စစ်ဘေးဒုက္ခသည်တွေအရေးနဲ့ တရားစီရင်ရေး တည့်မတ်မှန်ကန်လာဖို့ ဆက်လက် ကြိုးစားသွားမယ်လို့ ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။