မြိုင်မြို့နယ်ထဲက ရေနံတွင်းတွေ မီးရှို့ဖျက်ဆီးခံရ

2022.01.22
မြိုင်မြို့နယ်ထဲက ရေနံတွင်းတွေ မီးရှို့ဖျက်ဆီးခံရ မြိုင်မြို့နယ် အနောက်ပိုင်းက ရေနံတွင်းနဲ့ ရေနံလက်ယက်ကျင်းတွေ မီးလောင်နေတာကို ၂၀၂၂ ဇန်နဝါရီ ၂၁ ရက်နေ့က တွေ့ရစဉ်
Photo: CJ

မကွေးတိုင်း မြိုင်မြို့နယ် အနောက်ပိုင်း ရေနံမှော်တွေထဲက ဒေသခံတွေပိုင်တဲ့ ရေနံတွင်းနဲ့ ရေနံလက်ယက်ကျင်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

ဇန်နဝါရီ ၉ ရက်ကတည်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရေနံမှော်တွေထဲကို စစ် ကြောင်းထိုးလာပြီး ဇန်နဝါရီ ၂၁ ရက် မနေ့ကအထိ အဲဒီရေနံကျင်းတွေ မီးရှို့ဖျက် ဆီးခံရတာလို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

"သူတို့က ပိုက်ဆံတောင်းတယ်။ မရရင် မီးရှို့တယ်။ နေရာတစ်ခုနဲ့ တစ်ခု မတူဘူးဗျ။ အချို့နေရာတွေက တစ်သိန်း တောင်းတာရှိတယ်၊ နှစ်သိန်း တောင်းတာရှိတယ်၊ အချို့နေရာတွေ ငါးသိန်း၊ ခြောက်သိန်းအထိ တောင်းတယ်"

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့ကစပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းတွေ ဖြန့်ခွဲဝင်ရောက်လာကာ ရေနံကျင်းတွေကနေ ငွေတောင်းလို့မရရင် အခု လို မီးရှို့ဖျက်ဆီးကြတာဖြစ်ပြီး ဒီတစ်ကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက်ရှိပြီလို့ ဒေသခံတွေက ပြောကြပါတယ်။

ဇန်နဝါရီ ၂၀ ရက် မနက် ၉ နာရီကနေ ၁၂ နာရီ အတွင်း သပြေညိုရေနံမှော်ကနေ လက်ပံ တို ရေနံမှော်အထိ လမ်းတလျှောက် ရေနံကျင်းများကို မီးရှို့ခဲ့ပြီး ဇန်နဝါရီ ၁၈ နဲ့ ၁၉ ရက် မှာလည်း ဝယ်တောင်မြောက်တောနဲ့ သပြေညို ရေနံကျင်းတွေ မီးရှို့ခဲ့တယ်လို့ ပြောပါ တယ်။

ဇန်နဝါရီ ၁၃ ရက်ကလည်း ကျောက်ခွက်နဲ့ နယ်သတ်ရေနံမြေက ရေနံကျင်းတွေကိုလည်း မီးရှို့ခဲ့တယ်လို့ ပြောကြပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး RFA က သီးခြားအတည်မပြုနိုင်သေးသလို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းကို ဆက်သွယ်ဖို့ ကြိုးစားနေပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။