ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြားရေးဝန်ကြီးရုံး ဖွင့်လှစ်

2022.11.19
ဝါရှင်တန်ဒီစီမှာ NUG နိုင်ငံခြားရေးဝန်ကြီးရုံး ဖွင့်လှစ် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ ဖွင့်လှစ်ခဲ့သည့် NUG နိုင်ငံခြားရေးရုံး။
ဓာတ်ပုံ - NUG နိုင်ငံခြားရေးဝန်ကြီးဌာန

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကို အမေရိကန် ပြည်တောင်စု၊ ဝါရှင်တန်ဒီစီမြို့မှာ နိုဝင်ဘာလ ၁၉ ရက် (အမေရိကန်အချိန် ၁၈ ရက်နေ့) မှာ ဖွင့်လှစ်လိုက်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

အဲဒီရုံးဖွင့်ပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ဆက်သွယ်ရေး သတင်း အချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တက်ရောက်ခဲ့ကြပါတယ်။

နိုင်ငံခြားရေးရုံး ဖွင့်ပြီးတဲ့နောက်ပိုင်း ဘာတွေဆက်လုပ်မယ်ဆိုတာကိုတော့ အသေးစိတ် ထုတ်ပြန်ထားတာ မရှိပါဘူး။

နိုဝင်ဘာလ ၁၆ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ တတိယကော်မတီ အစည်းအဝေးအတွင်း အတည်ပြုခဲ့တဲ့ မြန်မာနိုင်ငံက ရိုဟင်ဂျာတွေနဲ့ တခြားလူနည်းစုတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာ အဆိုပြုမူကြမ်းအပေါ် NUG ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ခံထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။