တစ်နိုင်ငံလုံးရှိ ဝန်ထမ်းများ အလုပ်မဆင်းရန် NUG အရေးပေါ်အခြေအနေ ကြေညာ
2021.09.06
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး စစ်ကောင်စီက နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို လက်နက် အားကိုးနဲ့ အဓမ္မသိမ်းပိုက်ထားရုံမက ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကြမ်းဖက် အန္တရာယ် ပြုနေတာကြောင့် ပြည်သူတွေအနေနဲ့ နည်းမျိုးစုံနဲ့ ခုခံတွန်းလှန်နေပြီး၊ အခုအခါ တရားမဝင် စစ်အုပ်ချုပ်ရေး ယန္တရားတစ်ခုလုံးကို အပြီးတိုင်ဖျက်သိမ်းဖို့ လိုအပ်တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့ စက်တင်ဘာ ၇ ရက်က စတင်ပြီး နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်တာ ဖြစ်ပါတယ်။
ဒါကြောင့် စစ်ကောင်စီ လက်အောက်မှာရှိတဲ့ အရပ်ဘက် ရုံးဌာနအားလုံးကို ဒီကနေ့ကစပြီး ရက်အကန့် အသတ်မရှိ အလုပ်ပိတ်ရက်အဖြစ် သတ်မှတ်ကြောင်းနဲ့ အလုပ်ဆင်းရန် မလိုအပ်ကြောင်း NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း လက်မှတ်ထိုး ထုတ်ပြန်တဲ့ အမိန့်ကြေညာချက်မှာ ဖော်ပြထားပါတယ်။