ရွေးကောက်ပွဲ တရားမျှတမှုမရှိသည်မှာ ထင်ရှားကြောင်း နိုဘယ်ဆုရှင်ပြောကြား
2010.11.01

မြန်မာနိုင်ငံက ရွေးကောက်ပွဲရဲ့ အဖြေကို လူတိုင်းသိပြီးသားပါ။ ဒါကြောင့် ကမ္ဘာကြီးကို ကျွန်မအကြံပြုလိုတာက ရွေးကောက်ပွဲက ရလဒ်ကို သိပ်ပြီး အလေးထား မနေကြပါနဲ့၊ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ပြဿနာမဟုတ်ပါဘူးလို့ မစ်စ် ဂျိုဒီ ဝီလီယမ်စ်က ပြောပါတယ်။
မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးရမှာက တရားမျှတမှု ကင်းနေတာ သန့်ရှင်းမှုမရှိ ဖြစ်နေတာပါလို့ ပြောဆိုပါတယ်။ အနောက်နိုင်ငံတချို့ဟာ ရွေးကောက်ပွဲရလဒ်ကို ကြည်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်မယ်လို့ ပြောဆိုနေပါတယ်။ ကျွန်မတို့အနေနဲ့တော့ စစ်အစိုးရနဲ ပတ်သက်ဆက်နွယ်သူတွေကို ကြဉ်ပစ်ဖို့ ကျိုးစားနေမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းမှာ ဒီကနေ့ ကစပြီး မြန်မာသီတင်းပတ်လို့နာမည် ပေးထားပြီး နေ့စဉ် မြန်မာ့အရေး ဆွေးနွေးပွဲတွေ ပြုလုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် နိုဝင်ဘာ ၇ရက်နေ့ တနင်္ဂနွေနေ့မှာလည်း အသင်းတိုက်ကို ဖွင့်လှစ်ထားမှာ ဖြစ်ပြီး ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံခြားသတင်းထောက်တွေ သတင်းဖလှယ်ဖို့ ရှိတယ်လို့ သိရပါတယ်။
ဒီကနေ့ကျင်းပတဲ့ ဆွေးနွေးပွဲကတော့ မြန်မာနိုင်ငံက ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း မြန်မာအမျိုးသမီးများနဲ့ ပတ်သက်ပြီး ဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲကို သတင်းသွားယူတဲ့ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က တင်ပြထားပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန် |