ပညာရေးစနစ်ပြုပြင်ပြောင်းလဲဖို့ NNER ဆက်လက်ကြိုးပမ်းမည်
2015.08.16

ကုလသမဂ္ဂကချမှတ်ထားတဲ့ပညာရေးဆိုင်ရာမူဝါဒတွေကို သဘောတူထား တဲ့မြန်မာအစိုးရအနေနဲ့ ဘယ်လိုအကောင် အထည် ဖေါ်နေလဲဆိုတာကို နိုင်ငံလုံး ဆိုင်ရာပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးကွန်ယက် NNER အဖွဲ့က စောင့်ကြည့် သွားမှာဖြစ်သလို၊ တောင်းဆိုမှုတွေမရသေးတဲ့ ပညာရေးစနစ် ပြုပြင်ပြောင်း လဲရေးအောင်မြင်အောင်ဆက်လက်ကြိုးပမ်း သွားမယ်လို့ပြောပါတယ်။
NNER အဖွဲ့ရဲ့တိုင်းနဲ့ြ့ပည်နယ် ၁၄ ခုကကိုယ်စားလှယ်တွေရဲ့ ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကို မန္တလေးမြို့မှာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်ကြာ ပြုလုပ်ခဲ့ပြီး ကွန်ယက်ဖွဲ့စည်းပုံကို အတည်ပြုလိုက်နိုင်သလို၊ လုပ်ငန်း စဉ်တွေလဲ ဆွေးနွေးချမှတ်နိုင်တာဖြစ်တယ်လို့ NNER ကွန်ရက် ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်က RFA ကိုပြောပါတယ်။
ဒီနေ့ဆွေးနွေးပွဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ ကိုယ်စားလှယ် ကိုအောင်နေပိုင်က ပညာရေးပြုပြင်ပြောင်းလဲခြင်းဆိုင်ရာ အခက် အခဲများထဲက အခွင့်အရေးဆိုင်ရာပိုင်းကိုဆွေးနွေးခဲ့တယ်လို့ RFA ကို ပြောပါတယ်။
"ဒီနေ့ကတော့ ကျနော်တို့ စကားဝိုင်းပေါ့နော်၊ မနက်ပိုင်းက ဒေါက်တာမင်းသိန်းတို့၊ ဒေါက်တာသိန်းလွင် တို့၊ နောက်ပညာရှင်တစ်ယောက်ပါတယ်၊ စကား ဝိုင်းတွေကတော့ ခေါင်းစဉ် ၃ ခုနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုကို ကျနော်တို့ကအခွင့်အရေးဘက်ကနေ ဆွေးနွေးတာပေါ့၊ နောက်ပညာရေးကို ဘယ်လိုလုပ်မလဲ၊ လုပ်ပြီးရင်လည်း ဘာတွေ ဆက်လုပ်ကြမလဲ၊ ဒေါက်တာအောင်မြင့်တို့ပါတယ်"
မြန်မာ့ပညာရေးစနစ်ပြုပြင်ပြောင်းလဲမှုမှာကြုံတွေ့ရတဲ့အခက်အခဲတွေထဲက လူ့အခွင့်အရေးနဲ့ ဆက်စပ်တဲ့ လွပ်လပ်စွာပညာသင်ကြားခွင့်အပါအဝင် အခြား အခွင့်အရေးဆိုင်ရာကိစ္စ၊ ငြိမ်းချမ်းရေး-ဒီမိုကရေစီရေးကိစ္စနဲ့၊ ပညာရေး ပြုပြင်ပြောင်းလဲမှုကို ဘယ်လိုဆောင်ရွက်မလဲ၊ ဘယ်တော့ ဆောင်ရွက်မလဲ ဆိုတဲ့ ကိစ္စတွေကို ဒီနေ့ဆွေးနွေးကြတာဖြစ်ပါတယ်။
မနေ့က ဆွေးနွေးပွဲကို ဗြမ္မာစိုရ်နာရေးကူညီမှုအသင်းရုံးက လက်ခံကျင်းပတာဖြစ်ပြီး၊ ဒီနေ့ဆွေးနွေးပွဲကိုတော့ Hotel Hazel မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး တက်ရောက် တဲ့ ကိုယ်စားလှယ်စုစုပေါင်း လေးရာနီးပါး လောက်ရှိပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်လို့ အဖွဲ့ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာသိန်းလွင်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါပြီ။