ပြင်ဆင်ပြဌာန်းလိုက်တဲ့ အမျိုးသားပညာရေးဥပဒေကို NNER ဝေဖန်
2015.06.20

ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်အတည်ပြုလိုက်တဲ့ အမျိုးသားပညာရေးဥပဒေမှာ ကျောင်းသားတွေ တောင်း ဆိုထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ပညာရေးစနစ်နဲ့ ကျောင်းသားသမဂ္ဂ လွတ်လပ်စွာဖွဲ့ွှစည်းခွင့် အချက်တွေ မပါဝင်ဘူးလို့ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER တာဝန်ရှိသူတွေ က ပြောပါတယ်။
ဒီနေ့ ရန်ကုန်မြို့ အင်းစိန်မြို့နယ် ခဝဲခြံ မျက်မမြင်ကျောင်းမှာကျင်းပတဲ့ NNER ဒုတိယအကြိမ် ညီလာခံရဲ့ သတင်းစာရှင်းလင်းပွဲမှာ NNER အဖွဲ့ဝင် ဒေါက်တာသိန်းလွင်က ပြောပါတယ်။
"NNER နဲ့ ကျောင်းသားတွေလိုချင်တာက ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသောပညာရေးကို လိုချင်တယ်၊ လွှတ်တော် က ပြဌာန်းလိုက်တဲ့ဥပဒေက ဗဟိုချုပ်ကိုင်တဲ့ဥပဒေဖြစ်နေတယ်၊ ဒါဟာက အဓိက ကွဲလွဲချက်ဖြစ်နေ ပါတယ်၊ ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းခွင့်ရှိရမယ်၊ ကျောင်းသားတွေကိုယ်တိုင် ဖွဲ့စည်း တဲ့ ကျောင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲတဲ့ လွတ်လပ်တဲ့သမဂ္ဂမျိုးဖြစ်ရမယ်၊ အဲ့ဒါကို အမျိုးသားပညာရေး ဥပဒေမှာ ဥပဒေနဲ့ပြဌာန်းဖို့လိုတယ်၊ နောက် တက္ကသိုလ်များ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့အခါမှာ တက္ကသိုလ်ရဲ့ အုပ်ချုပ်ရေးကောင်စီမှာ ကျောင်းသားသမဂ္ဂတွေ ကိုယ်စားလှယ်တွေ ပါဝင်ဖို့တောင်းဆိုတယ်"
ကျောင်းသားတွေကိုယ်တိုင် စီမံခန့်ခွဲနိုင်တဲ့ ကျောင်းသားသမဂ္ဂဖြစ်ဖို့ကိုလည်း အမျိုးသားပညာရေးဥပဒေမှာ ထည့်သွင်းဖို့လိုတယ်လို့လည်း ပြောပါတယ်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ဖို့အတွက် လွှတ်တော်၊ အစိုးရ၊ ကျောင်းသားနဲ့ NNER တို့ လေးပွင့် ဆိုင်ဆွေးနွေးစဉ်တုန်းက ကျောင်းသားတွေ တောင်းဆိုထားတဲ့ အချက် ၁၁ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့နဲ့ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေအမြန်ဆုံး ပြန်လည်လွှတ်ပေးဖို့ကိုလည်း NNER က တောင်းဆိုထားပါတယ်။
အခုတောင်းဆိုချက်တွေကို နိုင်ငံတော်သမ္မတ၊ လွှတ်တော်နဲ့ လေးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်ခဲ့ သူတွေကို ပေးပို့သွားမယ်လို့ ပြောပါတယ်။
ဒီအကြောင်း RFA သတင်းထောက် ကိုသီဟထွန်းတင်ပြထားတာ နားဆင်နိုင်ပါတယ်။