ကမ္ဘာ့ AIDS ရောဂါနေ့ အခမ်းအနား NLD ကျင်းပ
2010.12.02

NLD ပါတီရုံးမှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အထိမ်းအမှတ် အခမ်းအနားမှာ တက်ရောက်လာတဲ့ ရောဂါဝေဒနာရှင်တွေကို တွေ့ဆုံပြီး အခုလို ပြောလိုက်တာ ဖြစ်ပါတယ်။
NLD ပါတီဌာနချုပ်မှာ ပြုလုပ်တဲ့ အခမ်းအနားမှာ NLD ပါတီဝင်တွေ၊ NGO အဖွဲ့အစည်းတွေ အပြင် AIDS ဝေဒနာရှင်တွေ တက်ရောက်ခဲ့ပါတယ်။
ဆက်လက်ပြီး ဒေါ်အောင်ဆန်းစုကြည်က AIDS ဝေဒနာရှင်တွေကို တချို့က အပြစ် ကျုး လွန်ထားသူတွေလို မြင်ကြသလို နိုင်ငံရေးသမားတွေကိုလည်း အလားတူမြင်ကြောင်း။ ဒီအယူအဆ နှစ်ခုလုံး မှားယွင်းတာဖြစ်လို့ အပြစ်တင်မဲ့ အစား ဝိုင်းရံ အားပေးမယ်ဆိုရင် အားလုံးအတွက် ကောင်းမွန်တဲ့ ခေတ်ကြီးတခု ရောက်လာမှာ ဖြစ်တယ်လို့ ပြောဆိုသွားပါတယ်။
အခမ်းအနားမှာ ကဗျာဆရာနဲ့ ဂီတပညာရှင်တွေကလည်း လူနာတွေကို ဖြေဖျော်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားဖြစ်သူ Kim Aris ခေါ် ကိုထိန်လင်းကလည်း AIDS ဝေဒနာရှင်တွေ အတွက် Blowing in the Wind သီချင်းကို သီဆို ဂုဏ်ပြုခဲ့တယ်လို့ သိရပါတယ်။
အခမ်းအနားဟာ မွန်းလွဲ၂နာရီမှာ ပြီးဆုံးသွားပါတယ်။
ရန်ကုန်မြို့ ရွှေဂုံတိုင် ပါတီရုံးချုပ်မှာ ပြုလုပ်တဲ့ ကမ္ဘာ့ AIDS နေ့ အခမ်းအနား ပြုလုပ်ပုံနဲ့ ပတ်သက်ပြီး ဗန်ကောက်မြို့ရောက် RFA အဖွဲ့သား ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန် |