ဦးသိန်းစိန်ထံ NLD စာရေးသား

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မြန်မာ အစိုးရအဖွဲ့သစ်ကို ပထမဆုံး စတင် ဆက်သွယ်မှုအနေနဲ့ သမ္မတ ဦးသိန်းစိန် ထံကို ပြီးခဲ့တဲ့ရက်ပိုင်းက စာတစောင် ရေးသားပေးပို့ လိုက်ပြီဖြစ်ကြောင်း ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောပါတယ်။

2011.04.10
nld_66th_anti-facist_anniversary_305_z ၂ဝ၁၁ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် ၆၆ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ အခမ်းအနားကို ရန်ကုန်မြို့ ရွေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးတွင် ကျင်းပသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo Courtesy of demowaiyan)
(Photo Courtesy of demowaiyan)

“ကျနော်တို့ နိုင်ငံတော် သမ္မတကြီးဆီကို စာတစောင် ရေးထားပါတယ်။ ဒီစာက ပိတ်ရက်တွေနဲ့ သူတို့ဆီကို ရောက်မရောက် ဆိုတာက ရှိနေတော့ ရောက်လောက်တဲ့အချိန် ကျရင်တော့ ကျနော်တို့ အသိပေးပါ့မယ်။ ဒါက ကျနော်တို့ ကြိုးစားဆက်သွယ်မှု တခုပေါ့လေ”

NLD ပါတီအနေနဲ့ သမ္မတ ဦးသိန်းစိန်ထံ ရေးသားတဲ့စာပါ အကြောင်းအရာ အသေးစိတ်ကို လာမယ့် သီတင်းပတ်အတွင်း အများပြည်သူကို အသိပေး ထုတ်ပြန်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ NLD ပါတီ အနေနဲ့ တွေ့ဆုံဆွေးနွေးရေးကို ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ပြီး၊ လက်ရှိ အစိုးရသစ် အနေနဲ့ NLD ပါတီရဲ့ လှုပ်ရှား ဆောင်ရွက်မှုတွေအပေါ် ကန့်သတ်ပိတ်ပင်မှုတွေ ဆောင်ရွက်လာလိမ့်မယ်လို့ မထင်မြင်ကြောင်း ပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။

အခုလို အစိုးရအဖွဲ့သစ်ကို NLD ပါတီက ပထမဆုံးအကြိမ် စာရေးသား ဆက်သွယ်လိုက်တာနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဆက်သွယ်မေးမြန်းချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။