တိုင်းရင်းသားကျေးရွာတွေ တည်ဆောက်ပေးမည်


2017.09.25
myo-ethnic-622.jpg ကိုင်းကြီးကျေးရွာက မြိုတိုင်းရင်းသားတွေကို တွေ့ရစဉ်
Photo: RFA

ရခိုင်ပြည်နယ် မောင်တောဒေသမှာ မြို၊ ခမီ၊ သက်၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားလူမျိုးစုတွေအတွက် တိုင်းရင်းသားကျေးရွာတွေ ထပ်မံတည်ဆောက်ပေးသွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက ပြောပါတယ်။

တိုင်းရင်းသားလူနည်းစုတွေရဲ့ ရိုးရာမပျောက်ပျက်စေဖို့အတွက် တိုင်းရင်းသားကျေးရွာတွေကို ထပ်တိုး တည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ ဦးတင်မောင်ဆွေက ပြောပါတယ်။

"ထပ်တိုးဖို့ဆိုတာက မြို၊ ဒိုင်းနက်၊ ခမီပေါ့ အဲ့မှာရှိတဲ့ လူနည်းစုတိုင်းရင်းသားတွေကို သူတို့ရဲ့ ရိုးရာယဉ်ကျေးမှု အမွေ မပျောက်ပျက်အောင် သူတို့ကို ကူညီထောက်ပံ့တဲ့အနေနဲ့ အိမ်ခြေ ၅၀ ၊ ၁၀၀ ရှိတဲ့ ကျေးရွာတွေကို ဆောက်လုပ်ပေးသွားမှာဖြစ်ပါတယ်"

မြို၊ ခမီ၊ သက်၊ ဒိုင်းနက် စတဲ့ တိုင်းရင်းသားလူမျိုးစုတွေဟာ တောတောင်ကို အမှီပြုနေထိုင်ကြတာဖြစ်တဲ့အတွက် သူတို့နဲ့ကိုက်ညီမယ့်နေရာဒေသကို ရှာဖွေတည်ဆောက်ပေးသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

တည်ဆောက်မယ့် ကျေးရွာအရေအတွက်ကိုတော့ အသေးစိတ်စီမံဆောင်ရွက်နေဆဲဖြစ်ပြီး ဒီနှစ်အတွင်း အကောင်ထည်ဖော်နိုင်အောင် ဆောင်ရွက်နေတယ်လို့ပြောပါတယ်။

လတ်တလောမှာ ရခိုင်ပြည်နယ်အတွင်း အစိုးရက ဖော်ဆောင်ပေးထားတဲ့ တိုင်းရင်းသားကျေးရွာ ၂၀ ကျော်ရှိတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။