ကေအိုင်အေကို ဗိုလ်ရှုခံ ဖိတ်မှာမဟုတ်
2014.12.25

နောက်နှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျင်းပမယ့် ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့နဲ့ ဗိုလ်ရှုခံ အခမ်း အနားကို တက်ရောက်ဖို့ တိုင်းရင်းသားလက်နက်ကိုင် ၁၄ ဖဲ့ွက ခေါင်းဆောင်တွေကို ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။
တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေကို ဖိတ်ကြားမယ်လို့ သတင်းတွေကြားရပေမဲ့ တရားဝင် ဖိတ်ကြားစာ မရရှိသေးကြောင်း ကရင်အမျိုးသားအစည်း အရုံး အထွေထွေအတွင်းရေးမှူး ပဒို ကွယ်ထူးဝင်း က ပြောပါတယ်။
"ဖိတ်ကြားစာမရလို့ မပြောတတ်သေးဘူးပေါ့နော်၊ ဖိတ်ကြားစာရလို့ရှိရင် အဖွဲ့အစည်းအတွင်း ဆွေးနွေးပြီးတော့ ဆုံးဖြတ်ရမှာပေါ့နော်၊ အခြေအနေကတော့ သမ္မတနဲ့လည်းတွေ့နေတာပဲ၊ စစ်ဦးစီးချုပ်နဲ့လည်းတွေ့နေတာပဲ၊ တွေ့နိုင်လို့ရှိရင်တော့ ကျနော်တို့ကလည်း အခုလက်ရှိဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ တိုင်းရင်းသားတွေရဲ့အမြင်၊ တိုင်းရင်းသား သဘောထားတွေကို တင်ပြခွင့်ရတာပေါ့နော်၊ အခမ်းအနားတက်ပြီးတော့ ပြန်လာလို့ရှိရင်တော့ ဘာမှပြော ခွင့်ရှိမှာမဟုတ်ဘူး၊ တကယ်လို့ အခမ်းအနားအစီအစဉ်အပြီးမှာ သီးခြားတွေ့ဆုံမှု လုပ်နိုင်လို့ရှိရင်တော့ ကောင်း တာပေါ့"
အဲဒီလို ဖိတ်ကြားမယ့်အထဲမှာ ကေအိုင်အို ကချင်လွတ်မြောက်ရေးအဖဲ့ွ မပါဘူးလို့လည်း သိရပါတယ်။
နေပြည်တော်မှာ ပထမဦးအကြိမ် ထည့်သွင်းကျင်းပမယ့် ဗိုလ်ရှုခံအခမ်းအနားကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့အပါအဝင် အစိုးရအဖဲ့ွခေါင်းဆောင်တွေ တက်ရောက်မှာ ဖြစ်ပါတယ်။
လက်ရှိဖိတ်ကြားမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖဲ့ွ ၁၄ ဖဲ့ွကတော့ ကရင်အမျိုးသားအစည်းအရုံး ၊ ချင်းအမျိုးသားတပ်ဦး၊ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ဝပြည်သွေးစည်း ညီညွတ်ရေးအဖွဲ့ စတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ ၁၄ ဖွဲ့ဖြစ်ပါတယ်။